Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့ကထွက်‌ပြေးတဲ့ စစ်သုံ့ပန်း၁၃ဦးကိုပြန်ဖမ်းမိ၊ခုခံပစ်ခတ်သူအချို့သေဆုံး

အင်းတော်မြို့သိမ်းတိုက်ပွဲမှာဖမ်းမိခဲ့ပြီး လက်နက်​တွေယူပြီးထွက်ပြေးသွားတဲ့စစ်သုံ့ပန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လိုက်လံဖမ်းစီစဉ် တိုက်ပွဲဖြစ်ပြီး ထွက်​ပြေးစစ်သားအချို့သေဆုံးခဲ့သလို၊အရှင်ပြန်ဖမ်းမိသူတွေလည်းရှိတယ်လို့ သတင်းရရှိပါတယ်။

အင်း​တော်မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ

​အောက်တိုဘာ-၂၉၊၂၀၂၅။အိမ်သွင်/People’s Spring

အင်းတော်မြို့သိမ်းတိုက်ပွဲမှာဖမ်းမိခဲ့ပြီး လက်နက်​တွေယူပြီးထွက်ပြေးသွားတဲ့စစ်သုံ့ပန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လိုက်လံဖမ်းစီစဉ် တိုက်ပွဲဖြစ်ပြီး ထွက်​ပြေးစစ်သားအချို့သေဆုံးခဲ့သလို၊အရှင်ပြန်ဖမ်းမိသူတွေလည်းရှိတယ်လို့ သတင်းရရှိပါတယ်။

“ဇီးဖြူကုန်းရွာတို့ တောင်ဘို့လရွာတို့ဘက်က တောလမ်းကနေ ဝန်းသို ဖက်ကို ပြေးတာ။ ပြန်ပစ်လို့တိုက်ပွဲဖြစ်တယ်။ အဲဒီမှာသေဆုံးတာတွေရှိတယ်။ နောက်ဆုံးကြာတာကအကုန်ပြန်ရပြီလို့ကြားတယ်။သေနတ်တွေရော” လို့ ဒေသခံသတင်းရင်းမြစ်က အောက်တိုဘာလ၂၉ရက် နေ့လယ်ပိုင်းမှာပြောပါတယ်။

အင်းတော်တို့မြို့နဲ့ ၃၅မိုင်ခန့်အကွာမှာရှိတဲ့ ၀န်းသိုမြို့မှာစစ်ကောင်စီခြေမြန်တပ်ရင်းခမရ(၁၁၁)တပ််ရင်း၊ခမရ (၁၂၀)တပ်ရင်းတို့ရှိနေပြီး မြို့ပေါ်နေရာတွေမှာလည်း စစ်ကောင်စီကတပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့ကိုကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)၊ကျောင်းသားတပ်မ‌တော် (ABSDF)နဲ့ PDF ပူးပေါင်းတပ်တွေကအခုနှစ် ဧပြီလ၇ရက်နေ့မှာသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်သုံ့ပန်းအများပြားကိုလည်းဖမ်းမိခဲ့ပါတယ်။

ဖမ်းမိတဲ့စစ်သုံ့ပန်းထဲကတပ်ရင်းမှူးမျိုးမြင့်သူအပါအဝင် စစ်သုံ့ပန်း ၁၃ဦးဟာ အောက်တို ဘာလ၂၅ရက်က ထွက်ပြေးသွားတာဖြစ်ပါတယ်။ အင်းတော်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့ တွေက မသိမ်းပိုက်နိုင်ခင် အရပ်သားပြည်သူတွေကို စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ဖမ်းဆီးနှိပ်စက်မှု‌တွေမှာ ပူးပေါင်းကျူးလွန်ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင်၃၈ဦးကို သီးခြားချုပ်နှောင်ထားခဲ့တာကနေ ၁၃ ဦးလွတ်မြောက်သွားတာလို့စုံစမ်းသိရှိရပါတယ်။

ထွက်ပြေးသွားတဲ့သူတွေဟာ ကင်းကျတဲ့ ကာကွယ်ရေးရဲဘော်တွေကို ရိုက်နှက်သွားသလို သေနတ်သုံးလက်နဲ့ကျည်ဆံတွေလည်းယူဆောင်သွားခဲ့တာပါ။လိုက်လံဖမ်းဆီးတာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ နောက်ထပ်သတင်းရင်းမြစ်တဦးကပြောပါတယ်။

“အင်းတော်ရဲ့ လေးဘက်လေးတန်ကနေ ပိတ်ဆို့ထားတာဘယ်လိုလုပ်လွတ်မှာလဲ။ ကင်းသမားတွေကတော့ အစစ်ခံရမှာပါ” လို့သူကဆက်ပြောပါတယ်။

တိုက်ပွဲတွေထဲမှာ ​တော်လှန်​ရေးတပ်ဖွဲ့တွေဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေ ထွက်ပြေးလွတ် မြောက်မှုမကြာခဏဖြစ်နေပြီး အဲဒီအပေါ် ပြည်သူလူထုကဝေဖန်နေကြပါတယ်။

အောက်တိုဘာ ၁၆ရက်ကလည်း မြင်းခြံခရိုင်ပကဖရဲ့အချုပ်ခန်းက‌ နေအချုပ်သား၃၀ခန့်ကသေနတ်တွေယူပြီး ထွက်ပြေးသွားခဲ့ပါတယ်။PDF ​တွေကလိုက်လံဖမ်းဆီးစဉ်မှာ ၈ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ပြန်ဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင် ထွက်ပြေးသွားတဲ့သူတွေထဲကရဲတစ်ဦးဟာ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်းသေဆုံးခဲ့ပါတယ်။

ထွက်ပြေးတဲ့ စစ်သုံ့ပန်းတွေနဲ့ပတ်သက်လို့ အင်းတော်ပကဖကရော မြင်းခြံခရိုင်ပကဖကပါ အသေးစိတ်မထုတ်ပြန်သေးပါဘူး။

ဆက်စပ်သတင်းများ