Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးခရီးမှာဘယ်လိုအခက်အခဲကြုံကြုံ ဆက်လက်တိုက်ပွဲဝင်မယ်လို့ PDF မိုးကုတ်ဗျူဟာ ကြေညာ

တအာင်းတပ်မတော်(TNLA)ကမိုးကုတ်၊မိုးမိတ်က ဆုတ်ခွာမယ်လို့ စစ်ကောင်စီ နဲ့ သဘောတူ အပစ်ရပ်စဲခဲ့ ဒီကနေ့ အောက်တိုဘာ ၂၉ရက်မှာ မိုးကုတ်ဗျူဟာ က မိုးကုတ်မြို့ကို ချစ်တဲ့ ပြည်သူတွေကို ရည်ညွှန်းတဲ့ ကြေညာချက်တရပ်ကို ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးခရီးမှာ ဘယ်လိုအခက်အခဲ ကြုံကြုံ ဆက်လက်တိုက်ပွဲဝင်မယ်လို့ အသိပေးခဲ့ပါတယ်။

မိုးကုတ်ဗျူဟာမှ PDF တပ်ဖွဲ့ဝင်များနဲ့ထုတ်ပြန်ချက် ။ဓါတ်ပုံ-မိုးကုတ်ဗျူဟာ

■PDF ​တွေပူး​ပေါင်းပြီး မိုးကုတ်မြို့မှဆုတ်မ​ပေးပဲ ဆက်တိုက်မည်ဟု ​PDF​တွေပြော

အောက်တိုဘာ ၂၉၊ ၂၀၂၅။ People’s Spring

တအာင်းတပ်မတော်(TNLA)ကမိုးကုတ်၊မိုးမိတ်က ဆုတ်ခွာမယ်လို့ စစ်ကောင်စီ နဲ့ သဘောတူ အပစ်ရပ်စဲခဲ့ ဒီကနေ့ အောက်တိုဘာ ၂၉ရက်မှာ မိုးကုတ်ဗျူဟာ က မိုးကုတ်မြို့ကို ချစ်တဲ့ ပြည်သူတွေကို ရည်ညွှန်းတဲ့ ကြေညာချက်တရပ်ကို ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးခရီးမှာ ဘယ်လိုအခက်အခဲ ကြုံကြုံ ဆက်လက်တိုက်ပွဲဝင်မယ်လို့ အသိပေးခဲ့ပါတယ်။

မိုးကုတ်ဗျူဟာ ဆိုတာ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၊ကာကွယ်​ရေးဝန်ကြီးဌာန​အောက်က PDF တပ်ဖွဲ့ဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေက တပ်ရင်းတွေပါဝင်တဲ့ မိုးကုတ်ဗျူဟာဟာ နွေဦးတော်လှန်ရေးခရီး စတင်ခဲ့တဲ့အချိန်ကစပြီး ကဏ္ဍအသီးသီးမှ အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီး မိုးကုတ်မြို့အပါအဝင် လွတ်မြောက်နယ်မြေများစွာကို စိုးမိုးနိုင်တဲ့အထိ တော်လှန်ရေးခရီးကို အောင်မြင်မှုများစွာလျှောက်လှမ်းနိုင်ခဲ့ကြောင်း အသိပေးထားပါတယ် ။

အခုအချိန်မှာစစ်တပ်ကယုတ်မာရက်စက်မှုမျိုးစုံ၊ ကောက်ကျစ်စဉ်းလဲမှုမျိုးစုံနဲ့ တိုက်ခိုက်နေပေမယ့် တွန့်ဆုတ် ကြောက်ရွံ့မှုမရှိဘဲ ဆက်တော်လှန်နေတယ်လို့ ဖော်ပြပါတယ်။

တော်လှန်ရေး ခရီးတစ်လျှောက်ဘယ်လိုခက်ခဲတဲ့ အချိုးအကွေ့တွေနဲ့ ကြုံရသည်ဖြစ်စေမိုးကုတ်ဗျူ

ဟာနဲ့အတူ မိုးကုတ်အခြေပြုတော်လှန်ရေးအဖွဲ့တွေက ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့ မမှိတ်မသုန် မဆုတ်တမ်း ဆက်လက်ချီတက်ဖို့ ရည်ရွယ်ထားတာဖြစ်လို့ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်ချီတက်တိုက်ပွဲဝင်မယ်လို့ ကတိသစ္စာ ပြုကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

မိုးကုတ်မြို့ကို​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ခဲ့ချိန်မှာ မန္တ​လေးPDF ၊ မိုးကုတ်ဗျူဟာ ၊TRI ဗျူဟာစတဲ့ ​ဒေသတွင်း​တော်လှန်​ရေးတပ်​တွေက TNLA နဲ့အတူ စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ် ။

ကြေညာချက်နဲ့ပတ်သက်ပြီး မိုးကုတ် ဗျူဟာ တာဝန်ရှိသူတွေကိုလည်း People’s Spring ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

မိုးကုတ်ဗျူဟာလိုပဲ မန္တလေး PDF ကလည်း TNLAနဲ့ စစ်ကောင်စီ အပစ်ရပ်ကြောင်း ကြေညာအပြီး နာရီပိုင်းအကြာမှာ ကြေညာချက် ထုတ်ပြန်ကာ စိုးမိုးထိန်းချုပ်နယ်မြေတွေ ကာကွယ်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။

ဒါ​ကြောင့် မိုးကုတ်မြို့က​နေ TNLA တပ်​တွေဆုတ်ခွာတယ် ဆို​ပေမယ့် PDF ​တွေက ဆက်

လက်စိုးမိုးထိန်းချုပ်နိုင်​အောင် ခုခံတိုက်ခိုက်သွားမှာဖြစ်တယ်လို့ PDF အချို့က​ပြောပါတယ် ။

ဗျူဟာအမှတ်၉၃(TRI ဗျူဟာ)၊ နည်းဗျူဟာမှူးကို​ဝေမိုး​ကျော်က လည်း “ဘာပဲဖြစ်ဖြစ် TNLA

အနေနဲ့ အကောင်းဆုံးရုန်းကန်ခဲ့တာပဲ။Congratulations ပါ။ကိုယ်ကတော့ကိုယ့်အလုပ်ကို ဆက်လုပ်။ချစရာရှိတာ ဆက်ချရမှာ”လို့​အောက်တိုဘာ ၂၉ ရက် ည​နေပိုင်းမှာ ​ဖေစ်ဘွခ်မှာ​ရေးသားထားပါတယ် ။

TNLA က မိုးကုတ်မြို့က ဆုတ်ခွာတဲ့အတွက် TRI ဗျူဟာ နဲ့ မိုးကုတ်ဗျူဟာတို့​ရော ဆုတ်ခွာမှာလားအ​မေးကို မဆုတ်ဘူးလို့ မှတ်ချက်မှာ ပြန်လည်​ဖြေခဲ့ပါတယ် ။

“စဉ့်ကူးရော ၊ သပိတ်ကျင်းရော ၊မိုးကုတ်ရော

လူဦးရေ အများကြီး။တိုက်နိုင်ခိုက်နိုင်သူတွေ အများကြီး။အတူတူရုန်းကြမယ်ဗျာ။ တပ်ထဲ

လာခဲ့ကြ ။ လေ့ကျင့်စုဖွဲ့ကြမယ်။”လို့လည်း ဗျူဟာအမှတ်၉၃(TRI ဗျူဟာ)၊ နည်းဗျူဟာမှူးက​ရေးသားထားပါတယ် ။

အခြား​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကလည်း မန္တ​လေး PDF နဲ့ အခြား PDF ​တွေပူး​ပေါင်းပြီး မိုးကုတ်မြို့ကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ခုခံသွားမှာဖြစ်တယ်လို့ ​ပြောပါတယ် ။

“မန္တလေးPDF နဲ့ တခြား PDF တွေ ပေါင်းပြီး ခုခံမှာပါ။ ဒီတိုင်းပဲ နားလည်ပါတယ်” လို့ PDF တပ်ဖွဲ့ဝင်တဦးက​ပြောပါတယ် ။ မန္တ​လေး PDF ကို People’s Spring ကမေးမြန်းဖို့ ဆက်သွယ်ရန်ကြိးစား​ပေမယ့် ဆက်သွယ်မရ​သေးပါဘူး။

ဆက်စပ်သတင်းများ