Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာအုပ်ချုပ်ရေးမှူးရုံးကို မြို့ပြ​ပြောက်ကျားတပ်ဖွဲ့တိုက်ခိုက်

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာမှာ ထိခိုက်မှုတွေရှိနိုင်တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ-၃၀၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာမှာ ထိခိုက်မှုတွေရှိနိုင်တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“မဲဆွယ်စည်းရုံးရေးလုပ်ရင် လုံခြုံရေးယူဖို့ အုပ်ချုပ်ရေး နဲ့ ပျူတွေ လူစုနေကြတဲ့အချိန် ကွက်တိဗျင်းခဲ့လိုက်တယ်။လူနာတင်ကား တွေအလုပ်ရူပ်နေကြပြီ။”လို့အထက်ပါတာဝန်ရှိသူက ​အောက်တိုဘာ ၃၀ ရက်​နေ့ခင်းပိုင်းမှာ ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက် မနက် ၁၁ နာရီလောက်က Yangon Army နဲ့ Mother Son Yangon Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးစစ်ဆင်ရေးလုပ်ဆောင်တဲ့ရဲဘော်တွေဘေးကင်းတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Hlaing Info ရဲ့ တယ်လီဂရန်မှာတော့ မနက် ၁၁ နာရီ ၂ မိနစ်က ရွှေပြည်သာ ၇ ရပ်ကွက်ရုံးမှာ ပေါက်ကွဲမှု ဖြစ်ကြောင်း ဒေသခံကသတင်းပေးပို့တယ်လို့ ဖော်ပြထားပါတယ်။

Yangon Army အနေနဲ့ အောက်တိုဘာလထဲမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး လှည်းကူးမြို့နယ်စစ်အုပ်စုရဲ့ အထွေထွေအုပ်ချုပ်ရေးမှုးရုံးနဲ့ မင်္ဂလာဒုံမြို့နယ်က ကြံ့ဖွံ့ရုံး ကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် နဲ့စက်တင်ဘာလ နှစ်လအတွင်းမှာ ရန်ကုန်မြို့က တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့နေရာ ၁၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

Facebook