Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ မဲမပေးဘဲသပိတ်မှောက်ဖို့နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲကို မဲမပေးဘဲသပိတ်မှောက်ကြဖို့နဲ့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တို ဘာ ၃၀) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ကနီမြို့နယ်စုပေါင်းသပိတ်

အောက်တိုဘာ-၃၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲကို မဲမပေးဘဲသပိတ်မှောက်ကြဖို့နဲ့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တို ဘာ ၃၀) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်ဦးဆောင်ကော်မတီ၊ ကနီမြို့နယ် လူထုဖက်ဒရယ်သပိတ်အင်အားစု၊ အမျိုးသမီးမဟာမိတ်အင်အား စု(WAB) မှ အဖွဲ့ဝင်တွေစုပေါင်း၍ တော်လှန်ပြည်သူတွေနဲ့အတူ လူထုစည်းရုံးရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျငရေး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ဖက်ဆစ်ရွေးကောက်သပိတ်မှောက် တော်လှန်ရေးကိုရဲရဲလျှောက်” စာသားတွေကိုင်ဆောင်ပြီး စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းမှ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးက ဆန့်ကျင်သပိတ်မှောက်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန် ရေးသပိတ်စစ်ကြောင်းက “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ