Connect with us

Hi, what are you looking for?

သတင်း

ချင်းမိုင်မှာ ကျားဖြန့်ဂိုဏ်းတစ်ခုကို ရဲတပ်ဖွဲ့စီးနင်းပြီး တရုတ် ၂၀ ကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊မြောက်ပိုင်းကချင်းမိုင်ပြည်နယ်ထဲမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂၀ ကို ထိုင်းအာဏာပိုင်​တွေကဖမ်းဆီးရမိခဲ့ပါတယ်။

​အောက်တိုဘာ-၃၀၊၂၀၂၅။People’s Spring

ထိုင်းနိုင်ငံ ၊မြောက်ပိုင်းကချင်းမိုင်ပြည်နယ်ထဲမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂၀ ကို ထိုင်းအာဏာပိုင်​တွေကဖမ်းဆီးရမိခဲ့ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က ချင်းမိုင်ရဲ့ မယ်ရင်ခရိုင်ထဲကအဆင့်မြင့်တန်ဖိုးကြီးနေအိမ်တစ်လုံးကို အောက်တိုဘာ ၃၀ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ ခရိုင်ရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့နဲ့ ထောက်လှမ်းရေး အရာရှိတွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။

နေအိမ်ကို ပိတ်ဆို့ပြီး စီးနင်းမှုအတွက် တရုတ် အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ထွက်ပြေးဖို့ ကြိုးစားရင်း လက်မောင်းတစ်ဖက် ကျိုးသွားတဲ့ အမျိုးသမီး တစ်ဦးကို ဆေးရုံတင်ပို့ခဲ့ကြောင်းရဲတွေကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကျားဖြန့်ဂိုဏ်းဟာသူတို့ရဲ့လုပ်ငန်းလည်ပတ်ရာနေအိမ်ကိုတစ်လ ဘတ် ၁၂၀,၀၀၀ နဲ့ ငှားရမ်းထားတာ ဖြစ်ပါတယ်။ သူတို့ဟာ အဖမ်းမခံရခင် အဲဒီနေရာမှာ နေထိုင်နေတာ ၂ လလောက်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။

အိမ်ထဲမှာတော့အွန်လိုင်းကနေငွေလိမ်တဲ့ လုပ်ငန်းတွေအတွက် အသုံးပြုတဲ့ မိုဘိုင်းဖုန်း ၁၀၀ ကျော်၊ တခြားအိုင်တီနည်းပညာပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်။ သူတို့တွေက ငွေလိမ်ဖို့အတွက် ဖုန်းခေါ်ဆိုမှုတွေအများအပြားပြုလုပ်ထားတဲ့ မှတ်တမ်းတွေကိုလည်း ရဲတွေက ရရှိခဲ့ပါတယ်။

စီးနင်းမှုအတွင်းမှာကျားဖြန့်ဂိုဏ်းသား၁၀ ယောက်လောက် ကိုယ်လွတ်ရုန်း ထွက်ပြေးသွားနိုင်ခဲ့ပြီး အခုတော့ အာဏာပိုင်တွေက သူတို့ကို အပူတပြင်း လိုက်ရှာနေပါတယ်။အဖမ်းခံရသူတွေကို စစ်ဆေးတဲ့အခါ ကျောင်းသားဗီဇာ၊ အလည်အပတ်ဗီဇာ ကိုင်ဆောင်ထားသူတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

သူတို့တွေဟာပစ္စည်းလိမ်ညာရောင်းချတာ၊ အသက်အာမခံအတွက် ငွေကြေးပေးသွင်းဖို့ လှည့်စားတောင်းဆိုတာမျိုး နည်းလမ်းတွေနဲ့ လိမ်လည်နေကြတာပါ။ ကျားဖြန့်ဂိုဏ်းတွေဟာ ထိုင်းလူ့အဖွဲ့အစည်းကို ကြီးကြီးမားမား ခြိမ်းခြောက်နေပြီး အဲဒီ နည်းလမ်းမျိုးစုံနဲ့ လိမ်လည်မှုတွေကြောင့် ပြည်သူတွေရဲ့ ငွေကြေး ဘတ်သန်းနဲ့ချီ နေ့စဉ် ဆုံးရှုံးနေကြောင်း ရဲတွေက ပြောပါတယ်။

အရှေ့တောင်အာရှ အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေအပေါ် နိုင်ငံတကာ အာရုံစိုက်မှု မြင့်တက်လာနေတဲ့ ကာလမှာ အခုလို စီးနင်းမှုမျိုးကို ထိုင်းရဲတွေက လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား-Chiang Mai Daily

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက ချင်းမိုင်ပြည်နယ်ထဲမှာ ခုခံအား ကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေတဲ့ HIVပိုး ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဖမ်းဝရမ်း​ထုတ်ခံထားသူ​တွေထဲမှာတရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ထိုင်း နဲ့ မြန်မာနိုင်ငံသားတွေပါဝင်

သတင်း

ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် ဟန်ဆောင်ထားတဲ့ ထိုင်းရဲတွေဟာ တရားဝင် ခွင့်ပြုချက် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး သံဃာတော် ၁၀ ပါး ပျံလွန်တော် မူခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ရဲတွေက ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွ စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။