Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို စစ်ကူတိုက်ပေးနေတဲ့ ZRA ခေါင်းဆောင်အချို့ ရွေးကောက်ပွဲဝင်ပြိုင်

အာဏာသိမ်းစစ်ကောင်စီတပ်ကို စစ်ကူတိုက်ပေးနေတဲ့ ဇိုမီးတော်လှန်ရေးတပ်(ZRA) ခေါင်းဆောင်အချို့ဟာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ချင်းသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဇိုမီးတော်လှန်ရေးတပ်(ZRA)က တာဝန်ရှိသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ZRA

အောက်တိုဘာ-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ကို စစ်ကူတိုက်ပေးနေတဲ့ ဇိုမီးတော်လှန်ရေးတပ်(ZRA) ခေါင်းဆောင်အချို့ဟာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ချင်းသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ZRAကို စစ်ကောင်စီက လက်နက်ထောက်ပံ့ပေးထားသလို ချင်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ZRA ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးပေါင်လွန်မင်းထန်နဲ့ ဒေါ်ကျိန်ငိုက်မန်တို့ဟာ တီးတိန်မြို့နယ် မဲဆန္ဒနယ်က ဝင်ပြိုင်ဖို့ရှိတယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားချင်းသတင်းရင်းမြစ်တဦးကလည်း “ တယောက်ကတော့ သေချာမသိသေးဘူး။ ဒါပေမဲ့ တယောက်ကိုတော့ ကျနော်သေချာကောင်းကောင်းသိတယ်။ တယောက်ကတော့ တီးတိန်မြို့နယ်က မဟုတ်ဘဲ တွန်းဇံမြို့နယ် ကနေ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ပေါ့ ZRA ခေါင်းဆောင်တယောက်ပေါ့ သူက ဦးပေါက်လွန်မင်းထန်ဖြစ်တယ်” လို့ ပြောပါတယ်။

ဒေါ်ကျိန်ငိုက်မာန်ကတော့ ZRA ခေါင်းဆောင်တွေနဲ့ ဆက်သွယ်မှု ရှိသူတဦးအဖြစ်သာ သိရှိကြောင်း ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

” အာဏာသိမ်းတဲ့နောက်ပိုင်းမှာ ZRAနဲ့ စစ်ကောင်စီက ပူးပေါင်းပြီးသား။ သူတို့က တွန်းဇံတိုက်ပွဲမှာလည်း ZRAနဲ့ စစ်ကောင်စီတပ်သားတွေက တွန်းဇံမြို့ရဲ့ မီးသတ်ရုံးမှာ အတူတူရှိတယ်။ တွန်းဇံတိုက်ပွဲ(ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ရဲ့ တွန်းဇံမြို့သိမ်းတိုက်ပွဲ)တုန်းက။ စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတော့ အဲဒါကြောင့် သူတို့က စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပါဖို့ သူတို့ လုပ်တာဖြစ်တယ်”လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာလည်း ZRAဟာ စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး တွန်းဇံမြို့နယ်ကို တိုက်ဖို့ပြင်ဆင်နေတယ်လို့ ကြားသိရကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

” သူတို့က တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ပြီးမှ စစ်ကောင်စီ ရွေးကောက်ပွဲကို သူတို့ က လုပ်ဖို့ စီစဉ်ထားတာမျိုးပေါ့”လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိမှာ တီးတိန်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်းထိုးတာ လေကြောင်းက စစ်အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေပြီး လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook