အောက်တိုဘာ-၃၁၊၂၀၂၅။ရောင်နီ/ People’s Spring
၂၀၂၃ နှစ်လယ်ကတည်းက ပိတ်ထားခဲ့တဲ့ ရန်ကုန်မြို့ အလုံမြို့နယ်က သခင်မြပန်းခြံကို အောက်တိုဘာ ၂၉ ရက်ကပြန်လည်ဖွင့်လှစ်ထားပါတယ်။
“နှစ်နှစ် နဲ့ ငါးလ ပိတ်ထားတာ” လို့ အဲဒီပန်းခြံအနီးမှာဈေးရောင်းသူတစ်ဦးကပြောပါတယ်။
၂၀၂၃ မေလအတွင်းက သခင်မြပန်းခြံထဲမှာ လက်လုပ်ဗုံးတွေ တွေ့ခဲ့ပြီးတဲ့နောက် ပန်းခြံကိုပိတ်ထားခဲ့တာပါ။

Public Service Announcement
သခင်မြပန်းခြံကို ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်မှာကြောင့် ပိတ်ထားတယ်လို့ မီဒီယာတွေမှာတော့ ဖော်ပြထားပါတယ်။
သခင်မြပန်းခြံက မြို့တွင်းပြေးဆွဲတဲ့ YBS တွေအပြင် မြို့နယ်တော်တော်များများကိုပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ ပေါင်းစုံတဲ့နေရာဖြစ်တာကြောင့် လူတွေအ မြဲစည်ကားနေတာပါ။
ဒါ့အပြင် မနက်ပိုင်း နဲ့ ညနေပိုင်းတွေမှာဆိုရင်လည်း လေ့ကျင်ခန်းပြုလုပ်သူတွေ နဲ့ စည်ကားလေ့ရှိပါတယ်။
လက်ရှိမှာတောဘ ပြန်လည်ဖွင့်လှစ်တာ ရက်ပိုင်းပဲရှိသေးတာကြောင့် အရင်လို စည်စည်ကားကားတော့ မတွေ့ရ ပါဘူး။






























































