Connect with us

Hi, what are you looking for?

သတင်း

ရခိုင်အပို့ခံရလို့ စစ်ကောင်စီတပ်ကြပ်တစ်ဦး မုံရွာပကဖထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ဆက်သွယ်ရေးတပ်(ဆသရ-၆)ကနေ ရခိုင်ပြည်နယ်အပို့ခံရလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကြပ်တစ်ဦး အလင်းဝင်လာကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ကြပ်အား တွေ့ရစဥ်။ ၎င်းတပ်ကြပ်၏ စစ်ကောင်စီတပ်ဖွဲ့ဝင် အထောက်အထားများအား တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာပကဖ

အောက်တိုဘာ-၃၁၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ဆက်သွယ်ရေးတပ်(ဆသရ-၆)ကနေ ရခိုင်ပြည်နယ်အပို့ခံရလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကြပ်တစ်ဦး အလင်းဝင်လာကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၉ ရက်က ကလေးမြို့နယ်၊ ဆက်သွယ်ရေးတပ်(ဆသရ-၆)ကနေ ရခိုင်ပြည်နယ်အပို့ခံရလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကြပ်တစ်ဦးဟာ မုံရွာမြို့နယ်ပကဖ အမှတ် (၂) တိုက်နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ -တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာကြောင်း မုံရွာပကဖအဖွဲ့က အသိပေးပါတယ်။

“ဖမ်းမိတာ မဟုတ်ဘူး။ ရခိုင်အစပ်ကနေ ထွက်ပြေးလာပြီး ဒီဘက်နဲ့ ချိတ်ဆက်ပြီး အလင်းဝင်တာ။ လက်နက်ခဲယမ်းတော့ မပါဘူး။”လို့ မုံရွာပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတပ်ကြပ်ဟာ စစ်မှုထမ်းသက် နှစ်၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မုံရွာပကဖအဖွဲ့ဟာ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို ရိုက်နှက်နှိပ်စက်ခြင်း လုံးဝမရှိကြောင်း၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုမရှိဘူးဆိုရင် သူတို့ဖြစ်ချင်တဲ့ဆန္ဒအတိုင်း ဆက်ပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံအသိပေးပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း မုံရွာမြို့နယ်၊ ကျောက္ကာ ရွှေဂူနီ ဘုရားဝင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုဆီကနေ ပေါ်တာအဆွဲခံရလို့ စစ်မှုထမ်းနေရတဲ့ ပြည်သူ့စစ်၂ဦး လက်နက်နဲ့တကွ မုံရွာပကဖထံ အလင်းဝင်လာပါသေးတယ်။

ယခု အောက်တိုဘာလ တတိယပတ်အတွင်း နိုင်ငံတဝန်းမှာ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ ဖမ်းမိစစ်သုံ့ပန်း စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၃၈ ဦးရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ