Connect with us

Hi, what are you looking for?

သတင်း

အရံစစ်ကြောင်းမှာပါဝင်နိုင်ကြောင်း စဉ့်ကူး၊ သပိတ်ကျဉ်းနဲ့ မန္တလေးကဒေသခံတွေကို TRI ဗျူဟာ ဖိတ်ခေါ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ထဲမှာ သန္ဓေ PDF(အမြဲတမ်း PDF)အနေနဲ့ တာဝန်မထမ်းနိုင်ပါက အရံစစ်ကြောင်းမှာပါဝင်ကြဖို့ TRI ဗျူဟာက ဖိတ်ခေါ်လိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် "TRI"ဗျူဟာရဲ့ အမှတ်(၉၃) ရဲဘော်တွေ လက်နက်ကိုင်၍ စစ်ရေးပြနေစဉ်။ ဓာတ်ပုံ - အမှတ် -၁၂၂၂ တပ်ရင်း

အောက်တိုဘာ-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ထဲမှာ သန္ဓေ PDF(အမြဲတမ်း PDF)အနေနဲ့ တာဝန်မထမ်းနိုင်ပါက အရံစစ်ကြောင်းမှာပါဝင်ကြဖို့ TRI ဗျူဟာက ဖိတ်ခေါ်လိုက်ပါတယ်။

စဉ့်ကူး၊ သပိတ်ကျင်း နယ်မြေခံအများစုနဲ့ စုဖွဲ့ထားတဲ့ ဗျူဟာဖြစ်တဲ့ TRI ဗျူဟာက ဒီကနေ့ အောက်တိုဘာ ၃၁ရက်မှာ အခုလို ဖိတ်ခေါ်ခဲ့တာပါ။

“အရွယ်ရောက်ပြီးသား ကျန်းမာရေးကောင်းတဲ့ လူတိုင်း စစ်သင်တန်းတက်ထားသင့်ပါတယ်။ ကိုယ့်နယ် ကိုယ့်ရပ်ကိုတနှစ်ဖြစ်ဖြစ် တပ်ထဲဝင်ပြီး ကာကွယ်လိုက်ကြရအောင်ဗျာ”လို့ ရေးသားကာ ဆန္ဒအလျောက် စစ်မှုထမ်းချင်ပါက အမှတ် -၁၂၂၂ တပ်ရင်း Page သို့ ဆက်သွယ် နိုင်တယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“မန္တလေးက ညီအကိုတွေကိုလည်း ဖိတ်ခေါ်ပါတယ်”လို့လည်း ရေးသားထားပါတယ်။

အရံစစ်ကြောင်းတွေစုဖွဲ့တာကို သင်တန်းဆင်းကာလ နဲ့ တာဝန်ထမ်းသက် တနှစ်သတ်မှတ်ထားတာကို လည်းအသိပေးထားပါတယ်။

TRI ဗျူဟာက မန္တလေးတိုင်းထိန်းချုပ်နယ်မြေတွေကို ကာကွယ်မယ်လို့ အောက်တိုဘာ ၃၀ရက်က ထုတ်ပြန်ကြေညာထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

တအာင်းတပ်မတော်(TNLA)က မိုးကုတ်နဲ့ ရှမ်းမြောက်က မိုးမိတ်မြို့တို့ကနေ ပြန်လည်ဆုတ်ခွာမယ်လို့ စစ်ကောင်စီနဲ့ သဘောတူအပစ်ရပ်ခဲ့ပြီးနောက် TRI ဗျူဟာ အပါအဝင် မန္တလေးဒေသ PDFတပ်တွေက ထိန်းချုပ်နယ်မြေတွေ ကာကွယ်မယ်လို့ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် တပ်ဖွဲ့နဲ့ ကင်းကွာတဲ့ ရဲဘော်တွေကို တပ်ကို ပြန်လာဖို့ပြန်ဖိတ်ခေါ်တာ၊ အခုလို အရံစစ်ကြောင်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်တာတွေ ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ