Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့ဆီထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ် အထိနာပြီးလန်ကျနေ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ဆီထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်(SNA)ပူးပေါင်းစစ်ကြောင်း အထိနာပြီးပြန်လန်ကျသွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

၂၀၂၅ အောက်တိုဘာ ၃၁ရက် မနက်ပိုင်းမှာ စစ်ကောင်စီက Y12လေယာဉ်နဲ့ ဗန်းမောက်မြို့ကို ဗုံးကြဲအပြီးတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

အောက်တိုဘာ-၃၁၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ဆီထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်(SNA)ပူးပေါင်းစစ်ကြောင်း အထိနာပြီးပြန်လန်ကျသွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၃၁ရက်)မနက်ကတည်းက ဗန်းမောက်မြို့အနီးက နားယကားရွာနဲ့ လွှစင်ကုန်းလမ်းအနီးတစ်ဝိုက်ကို စစ်ကောင်စီပူးပေါင်းတပ်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

” အခြေနေက ကောင်းပါတယ်။ကျန်တာတော့ပြောလို့ မရသေးဘူး။စကမနဲ့SNAက တိုးတာတော့တိုးတယ်။ ဒါမဲ့ပြန်လန်ကျနေတယ်။ဒီနေ့လည်း ပြန်လန်ကြတယ်”လို့ ဗန်းမောက်မြို့မှာရှိနေတဲ့ ရှေ့တန်းရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗန်းမောက်မြို့နဲ့ မြို့အနောက်ဘက်မှာရှိတဲ့ နားယကားရွာဟာ (၁)မိုင်ဝန်းကျင်သာကွာဝေးပြီး စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးနဲ့ အင်အားအများအပြားသုံးပြီး ဆက်တိုက်တိုးလာတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်က အသိပေးပါတယ်။

၂၀၂၅ အောက်တိုဘာ ၃၁ရက် မနက်ပိုင်းမှာ စစ်ကောင်စီက Y12လေယာဉ်နဲ့ ဗန်းမောက်မြို့ကို ဗုံးကြဲအပြီးတွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့

“လေကြောင်းကနေ ဗုံးကြဲတာတော့ နေ့တိုင်းနီးပါးပဲ။ဒီမနက်လည်း ဗုံးကြဲတာ မြို့ထဲက အိမ်တချို့ မီးလောင်သွားတယ်”လို့ ၎င်းက ပြောပါတယ်။

ဗန်းမောက်မြို့ပြန်ရရေး စစ်ကောင်စီက တန်ပြန်စစ်ကြောင်းထိုးရာလမ်းတလျှောက်က ကျေးရွာတွေကို မီးရှို့တာအပြင် ပြည်သူတွေရဲ့ ပစ္စည်းတွေ ယူဆောင်တာနဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်းရှိတယ်လို့လည်း ဗန်းမောက်မြို့ခံတချို့က ဆိုပါတယ်။

မြို့အနောက်ဘက်ခြမ်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကေင်စီပူးပေါင်းတပ်မှာ အင်အား ၅၀၀ ဝန်းကျင်ရှိတယ်လို့ လည်း ဗန်းမောက် မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

မြို့ပြန်ရဖို့ စစ်ကောင်စီတပ်ကစစ်ကိုင်းအခြေစိုက်တပ်မ(၃၃) လက်အောက်ခံတပ်ရင်းအချို့ကိုအားဖြည့်ထားတဲ့အပြင် အရင်ကမြို့နယ်မှာတပ်စွဲခဲ့တဲ့ တပ်မ(၇၇)လက်အောက်ခံတပ်ရင်းတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် မြို့အနီးတဝိုက် ကျေးရွာ ၂၀ခန့်နဲ့ မြို့ပေါ် ရပ်ကွက် ၄ခုက ပြည်သူနှစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဗန်းမောက် ပကဖက ထုတ်ပြန်ထားပါတယ်။

ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ ၂၀၂၅စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ