Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ ပအဖ အကောက်အခွန်အရာရှိအပါ ၇ ဦးကို အဂတိမှုနဲ့ ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဘဏ္ဍာရေးဌာနက အကောက်ခွန်အရာရှိအပါအဝင် ၇ဦးဟာ အဂတိလိုက်စားမှုတွေရှိနေတာကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ-၁၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဘဏ္ဍာရေးဌာနက အကောက်ခွန်အရာရှိအပါအဝင် ၇ဦးဟာ အဂတိလိုက်စားမှုတွေရှိနေတာကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

အကောက်ခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်အပါအဝင် ၇ဦးကို အခွန်တော်အဖွဲ့ဝင်ငွေကြေးအလွဲသုံးစားပြုလုပ်မှု၊ လုပ်ပိုင်ခွင့်အာဏာအား အသုံးပြုအလျော်ဩဇာပြုလုပ်မှု၊ မြို့နယ်ပအဖတံဆိပ်စည်းအတုပြုလုပ်မှု၊ သက်သေခံပစ္စည်းများ ဖျောက်ဖျက်မှု၊ အကြမ်းဖက်စစ်ကောင်စီထောက်တိုင်တွေနဲ့ဆက်သွယ်မှုတွေကြောင့် အောက်တိုဘာ ၁၂ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

“ပအဖရဲ့ ဘဏ္ဍာရေးဌာနအောက်မှာရှိတဲ့အဖွဲ့။ သူတို့တွေရဲ့ အဂတိမှုတွေ၊ လွဲသုံးစားမှုတွေကို စစ်ဆေးနေတာ မှန်ပါတယ်။ အချိန်တော်တော်ကြာ လေ့လာပြီးကာမှ ဖမ်းဆီးခဲ့တာပါ”လို့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်အခြေအအရ စစ်ဘက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေး တာ၀န်ရှိသူတွေ၊ တပ်ရင်းတပ်ဖွဲ့ တွေနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ အရပ်ဘက်တရားစီရင်ရေးသို့ လွှဲပြောင်းအရေးယူဆောင်ရွက်နေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကောက်ခွန်အရာရှိဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသတွေက သယံဇာတနဲ့ လမ်းပမ်းဆက်သွယ်ရေးကဏ္ဍတွေအပြင် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့တရားဝင်သတ်မှတ်ချက်အရ ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဘဏ္ဍာရေးတာဝန်ခံဆီ အပ်နှံရတာပါ။အကောက်ခွန်အရာရှိမြင့်ကျော်အပါအဝင် ၇ဦးသာ စစ်ကောင်စီအုပ်စုနဲ့ ဆက်ဆံခဲ့သလို ငွေကြေးအမြောက်အများကိုလည်း အလွဲသုံးစားလုပ်ခဲ့တယ်လို့ ကန့်ဘလူမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ပြဿနာတွေက အများကြီးရှိပါတယ်။ တော်လှန်ရေးကို နှောင့်နှေးစေပြီး လူထုကို တိုက်ရိုက်ထိခိုက်စေတဲ့ ပြဿနာတွေကိုတော့ ချက်ချင်းရှင်းလင်းတာကောင်းပါတယ်” လို့ သူက မှတ်ချက်ပြုပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းတွေလည်း ရှိနေပြီး ရွာတချို့မှာ စစ်ရေးတင်းမာတဲ့အခြေအနေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ