Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်တပ်‌က အရပ်ဝတ်နဲ့လှုပ်ရှားနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁ရက်ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးနောက် ဒီ‌နေ့(နိုဝင်ဘာ ၁ရက်) မနက်ပိုင်းမှာ အရပ်ဝတ်တွေနဲ့ စစ်ရေးလှုပ်ရှားနေတယ်လို့ သတင်းရရှိပါတယ်။

နိုဝင်ဘာ-၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁ရက်ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးနောက် ဒီ‌နေ့(နိုဝင်ဘာ ၁ရက်) မနက်ပိုင်းမှာ အရပ်ဝတ်တွေနဲ့ စစ်ရေးလှုပ်ရှားနေတယ်လို့ သတင်းရရှိပါတယ်။

” အရပ်ဝတ်တွေအများကြီးနဲ့ ထွက်လာတယ်။ အရပ်သားတွေကိုဖမ်းဆီးတဲ့ သတင်းကြားတယ်။ မနက်ကဆို ဆွတ်ငိုင်ယာန်ဘက်ကဆင်းလာပြီး ကန်သာရွာဘက်ကို ရောက်လာဝာယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် တပ်ဖျောက်ထားတဲ့စစ်ကြောင်းတချို့လည်းရှိနေပြီး တိုက်ပွဲအချိန်မရွေးဖြစ်နိုင်လို့ စစ်ရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်မှာ အောက်တိုဘာ၂၂ရက်က တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်နေခဲ့ပါတယ်။ အောက်တိုဘာ ၃၁ရက်ညကလည်း စစ်ကောင်စီတပ်က ယူမာကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်လို့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဖားကန့်ဒေသမှာ အရပ်ဝတ်တွေနဲ့ လှုပ်ရှားနေတဲ့စစ်ကောင်စီတပ် စစ်ကြောင်းတွေကို သတိပြုကြဖို့ ဒေသခံအချင်းချင်းလည်း သတိပေးနေကြပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ ရှမ်းနီ(SNA)တပ်ဖွဲ့ဝင် တွေပါဝင်ပါတယ်။

သူတို့ဟာ မူးယစ်ဆေးသုံးပြီး ဆေးကြောင်နေချိန်မှာ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တဲ့ ဖြစ်စဉ်တွေလည်း ယခင်ကရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာမှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို သေနတ်နဲ့ လိုက်ပစ်လို့ အမျိုးသမီးအချို့အပါအဝင် ဒေသခံငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဇွန်လဆန်းနဲ့ ဩဂုတ်လဆန်းကစပြီး ဖားကန့်ဒေသကို စစ်ကောင်စီတပ်စစ်ကြောင်းတွေ ဝင်ရောက်လာပြီး‌နောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မိုင်းပေါက်ကွဲမှု တွေကြောင့်အရပ်သားသေဆုံးသူဦးရေ ၁၀၀ခန့်ရှိနေပြီဖြစ်ပါတယ်။

စစ်ကြောင်းတွေနဲ့တွေ့ရင် ကြိုတင်ရှောင်တိမ်းဖို့၊ လမ်းပေါ်ထွက်ပြီးကြည့်တာမျိုးတွေ မလုပ်ဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုလည်း သတိပြုဖို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ် စစ်ကြောင်း‌တွေဟာ ဖားကန့်ဗျူဟာ၊ လုံးခင်းမိုင်းချက်စက်ရုံ တို့အပြင် မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းလျှံ၊ အမှိုက်ပုံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်ခရီးရွာတွေမှာရှိနေတယ်လို့ သိရပါတယ်။

(ဖားကန်သို့​​ ရောက်လာ​သော စစ်တပ်စစ်​​ကြောင်းကို ၂၀၂၅ သြဂုတ်က ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ