နိုဝင်ဘာ-၂၊၂၀၂၅။တေဇ/People’s Spring
နိုဝင်ဘာ ၂ ရက်မှာကျရောက်တဲ့ နိုင်ငံတကာ သတင်းထောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့ မှာ စစ်အာဏာသိမ်းမှူအောက်မှာလုပ်ဆောင်နေရတဲ့ မြန်မာနိုင်ငံက စာနယ်ဇင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြု ကြောင်း ဗြိတိန်သံရုံး ရန်ကုန် အသိပေးထားပါတယ်။
“အထူးသဖြင့် offline နှင့် online အခြေအနေနှစ်မျိုးလုံးတွင် နှောင့်ယှက်မှု၊ စောင့်ကြည့်မှု၊ အလွဲသုံးစားပြုမှုတို့အပါအဝင် ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရသော အမျိုးသမီးသတင်းထောက်များကို အမှတ်ရ ဂုဏ်ပြုအပ်ပါသည်။” လို့ ဗြိတိန်သံရုံး ရန်ကုန်က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ သတင်းထောက် ဖမ်းဆီးခံရမှု အများဆုံးနိုင်ငံတွေထဲမှာပါဝင်နေတာပါ။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စာနယ်ဇင်းသမား ၇ ဦးအထိ သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ နှစ်ရာကျော် အထိရှိခဲ့ပါတယ်။

Public Service Announcement
လက်ရှိအချိန်အထိလည်း စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခံထားရသူ ၅၁ ဦးရှိပြီး အမျိုးသမီးတွေလည်းပါဝင်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ မီဒီယာလွတ်လပ်ခွင့်ချိုးဖောက်မှူတွေကို ရှုတ်ချကြောင်း နဲ့ မြန်မာအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ မီဒီယာ သမားတွေနဲ့
လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူတွေ အတွက် ဘေးကင်းလုံခြုံရေးကို ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ကတိပေးထားပါတယ်။


















































