Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့်ပြည်သူ တစ်သိန်းကျော်ကို အကူအညီပေးအပ်ခဲ့ကြောင်း ဗြိတိန်သံရုံးထုတ်ပြန်

ဗြိတိန်ဟာ ငလျင်ဘေးသင့်ပြည်သူအတွက် ရန်ပုံငွေ စတင်လင်ပေါင် ၂၅သန်း ထောက်ပံ့ထားပြီး အကူအညီလိုအပ်နေသူ ၁၁၆,၀၀၀ ကျော်ထံ ရောက်ရှိပြီဖြစ်ကြောင်း ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ငလျင်ဘေးသင့်ပြည်သူအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - UK in Myanmar

ဧပြီ ၂၈၊ ၂၀၂၅။ အီယိုရီ/People’s Spring

ဗြိတိန်ဟာ ငလျင်ဘေးသင့်ပြည်သူအတွက် ရန်ပုံငွေ စတင်လင်ပေါင် ၂၅သန်း ထောက်ပံ့ထားပြီး အကူအညီလိုအပ်နေသူ ၁၁၆,၀၀၀ ကျော်ထံ ရောက်ရှိပြီဖြစ်ကြောင်း ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုတ်ခတ်ပြီးနောက် တစ်လပြည့်ချိန်မှာ ဗြိတိန်အစိုးရက ထိခိုက်ခံစားခဲ့ရသူများနဲ့အတူ တသားတည်းရပ်တည်နေကြောင်းနဲ့ အသက်ကယ်ဆယ်ရေးနဲ့ အရေးပေါ် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်ပေးအပ်တုန့်ပြန်ဆောင်ရွက်နေကြောင်း ဖော်ပြပါတယ်။

အခုဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူအားလုံးကို အောက်မေ့သတိရဆုတောင်းပေးနေတယ်လို့လည်း ရန်ကုန်မြို့ ဗြိတိန်သံရုံးက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ရက်မှာ လှုတ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပျဥ်းမနားမြို့၊ နေပြည်တော်အပါအဝင် ဒေသ ၆ ခုမှာ အပြင်းအထန်ခံစားခဲ့ရပြီး လူပေါင်း လေးထောင်ခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ငလျင်ကြီးပြီးနောက် မနေ့ညပိုင်းအထိ နောက်ဆက်တွဲငလျင်များကြောင့် ပြည်သူလူထုမှာ စိုးရိမ်သောကများစွာ ရောက်ကြရပြီး အာဏာသိမ်းစစ်ကောင်စီထံမှ ကယ်ဆယ်ရေးနဲ့ ထိရောက်တဲ့ အကူအညီများကို မရရှိခဲ့ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဗြိတိန်အပါအဝင် နိုင်ငံအချို့က ငလျင်ဘေးသင့်ပြည်သူများအတွက် အကူအညီများကို အာဏာသိမ်းစစ်ကောင်စီမှတဆင့် မစီးဆင်းဘဲ ဒေသခံမိတ်ဖက်များမှတဆင့် အကူအညီလိုအပ်နေသူများကို ပေးအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။

သတင်း

နိုဝင်ဘာ ၂ ရက်မှာကျရောက်တဲ့ နိုင်ငံတကာ သတင်း‌ထောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့ မှာ စစ်အာဏာသိမ်းမှူ‌အောက်မှာလုပ်ဆောင်နေရတဲ့ မြန်မာနိုင်ငံက စာနယ်ဇင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြု‌ ကြောင်း ဗြိတိန်သံရုံး ရန်ကုန် အသိပေးထားပါတယ်။

သတင်း

သီတင်းကျွတ်လပြည့်ည ချောင်းဦးလေကြောင်းတိုက်ခံရမှုအပေါ် ဗြိတိန်၊ သြစတြေးလျနဲ့ ဆွစ်ဇာလန်သံရုံးတို့ ရှုတ်ချ