နိုဝင်ဘာ-၃၊၂၀၂၅။အိမ်သွင်/People’s Spring
အာရက္ခတပ်တော်(AA)အလုံးစုံထိန်းချုပ်ထားတဲ့ ၁၅မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးထပ်ပြီး ကြေညာပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာလို့ ဒေသခံပြည်သူလူထုအနေနဲ့ ပိုမိုသတိထားကြဖို့ လိုအပ်လာတယ်လို့ AA နဲ့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေကအသိပေးလာပါတယ်။
စစ်ကောင်စီက၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့တိုင်းနဲ့ ပြည်နယ် ၉ ခုကမြို့နယ် ၆၃ ခုကို အောက်တိုဘာလ၃၁ရက်နေ့မှာ အရေးပေါ်အခြေအနေထပ်မံကြေညာခဲ့ပြီး AA အလုံးစုံထိန်းချုပ်ထားပြီးအုပ်ချုပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊မင်းပြား၊ မြေပုံ၊ အမ်း၊ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ၊ဂွမြို့နယ်နဲ့ပလက်၀တို့ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ စစ်အုပ်ချုပ်ရေး ရက် ၉၀ ကြေငြာခဲ့ပြီးထပ်မံသက်တမ်းတိုးတာပါ။
AA ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလည်း စစ်အုပ်ချုပ်ရေးကြေညာထားပေမယ့် စစ်ကောင်စီနဲ့အဲဒီနှစ်ဖွဲ့ဟာ ယာယီအပစ်ရပ်ထားပါတယ်။

Public Service Announcement
ဒါကြောင့်AAထိန်းချုပ်ဒေသတွေကို စစ်တပ်ကလေကြောင်းကနေပိုပြီးတိုက်ခိုက်နိုင်တယ်လို့ AAအပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ စစ်ဘေးရှောင်တွေကိုကူညီနေသူတွေက သတိပေးနေကြပါတယ်။
စစ်ကောင်စီက ရှမ်းမြောက်မှာMNDAA၊TNLAတို့နဲ့ အပစ်ရပ်ပြီးတဲ့နောက် စစ်ဆင်ရေးနယ်မြေအချို့ကျုံ့သွားခြင်းကို အခွင့်ကောင်းယူပြီး လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်လာတယ်လို့ AAက အောက်တိုဘာလ၃၁ရက်နေ့မှာထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ လူထုအပေါ်ကမ်းကုန်အောင်ရက်စက်ယုတ်မာနေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း လက်နက်ကြီး၊ ဒရုန်းများ တိုက်ခိုက်မှုတွေကို သတိပြုကြဖို့တိုက်တွန်းထားပါတယ်။
TNLA၊MNDAA တို့နဲ့ အပစ်မရပ်ခင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ခဲ့တဲ့လုပ်ရပ်မျိုးကို စစ်ကောင်စီကရခိုင်ပြည်နယ်မှာကျူးလွန်လာနိုင်တယ်လို့ တိုင်းရင်းသားအရေးဆောင်ရွက်တဲ့ စာရေးဆရာဝေဟင်အောင်က လူမှု့ကွန်ရက်ကနေသတိပေးထားပါတယ်။
“ညီနောင်သုံးဖွဲ့မှာ တဖွဲ့တည်းခံပြီး စကမ(စကစ)ကို တိုက်နေတဲ့ကျွန်တော်တို့ရဲ့ AAကိုလေကြောင်းအားနဲ့ဖိအားပေးတိုက်မယ့်သဘောရှိတယ်။ အထူးသဖြင့် ပြည်သူတွေကို လေကြောင်းအားနဲ့ ပိုသတ်ပြမယ့် သဘောရှိတယ်။ လက်တွေ့လည်း သတ်ပြလာနေတယ်”လို့ စာရေးဆရာဝေဟင်အောင်ကရေးသားထားပါတယ်။
အောက်တိုဘာလ၂၉ရက်နေ့ကနေ၃၁ရက်အထိ သုံးရက်အတွင်းစစ်ကောင်စီက ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နရခိုင်ယ်တွေကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ကလေးငယ်သုံးဦးအပါအဝင် ၁၂ ဦးသေဆုံးပြီး ၃၁ဦးဒဏ်ရာရခဲ့ပါတယ်။
“အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်ကြကဖို့ ပြင်ဆင်ကြရမယ်”ဟုရခိုင်ပြည်နယ်အမ်းမြို့ကဒေသခံတစ်ဦးကပြောပါတယ်။ အမ်းမြို့ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ပြီး နပခကို AAက သိမ်းယူထားပါတယ်။
လက်ရှိမှ ာAA နဲ့ စစ်ကောင်စီကကျောက်ဖြူနဲ့စစ်တွေမြို့နယ်၊ရခိုင်ပြည်နယ်နဲ့ဆက်စပ်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ မကွေးတိုင်တဲ့ပဲခူးတိုင်းထဲကမြို့နယ်အချို့မှာတိုက်ပွဲတွေဖြစ်နေပါတယ်။
(စစ်တပ်က ရခိုင်ပြည်နယ်ရှိဒေသတစ်ခုကိုဗုံးကြဲပြီးနောက်အပျက်အစီးကိုတွေ့ရစဥ်။ဓါတ်ပုံ-APM


















































