Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၂၂)ပေးပို့တဲ့ ခဲယမ်းတွေလက်ခံရရှိတယ်လို့ ကော်ဘရာစစ်ဆင် ရေးမှူး ဗိုလ်မှူးဒါဘော နောက်ပြောင်ပြောကြား

အာဏာသိမ်းစစ်ကောင်စီရဲ့တပ်မ(၂၂)ကပေးပို့တဲ့ကျည်ခဲယမ်းတွေ လက်ခံ ရရှိကြောင်း ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောကြားတဲ့ရုပ်သံမှတ်တမ်းကို ကျားသစ်နက်စစ်ကြောင်းတပ်ခွဲ(၂) က ထုတ်ပြန်ပါတယ်။

(တပ်မ(၂၂)ကပေးပို့တဲ့ ကျည်ခဲယမ်းတွေကို ဗိုလ်မှူးဒါဘောက စစ်ဆေးနေစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့တပ်မ(၂၂)ကပေးပို့တဲ့ကျည်ခဲယမ်းတွေ လက်ခံ ရရှိကြောင်း ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောကြားတဲ့ရုပ်သံမှတ်တမ်းကို ကျားသစ်နက်စစ်ကြောင်းတပ်ခွဲ(၂) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ရက်က ဖြစ်ပွားခဲ့တဲ့ လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်မ(၂၂)လက်​အောက်ခံ ခမရ(၂၀၉) တပ်ရင်းဆီက သိမ်းဆည်းရရှိခဲ့တဲ့ ကျည်ခဲယမ်းအများအပြား စုပုံထားတာကို ဗိုလ်မှူးဒါဘောနဲ့ တော်လှန်ရေးရဲဘော်တွေက နောက်ပြောင်ပြောကြားနေတာကို ရုပ်သံမှာ တွေ့ရပါတယ်။

” ပစ္စည်းကမှာထားတာကြာပြီ။ အခုမှလာပို့တာ။လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးလိုက်မယ်နော်။ တပ်မ(၂၂) တပ်မမှူးကို။ လက်ခံရရှိကြောင်း” လို့ ဗိုလ်မှူးဒါဘောက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်သံမှတ်တမ်းမှာ သိမ်းရတဲ့ ကျည်တွေ၊ ဗုံးသီးအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းများစွာကိုလည်းတွေ့ရပါတယ်။

” ဗိုလ်ကြီး(စစ်ကောင်စီအရာရှိ)က သေနတ်ပါကျန်ခဲ့တယ်။ ဒီမှာ မိုင်းရှာတဲ့ဟာတွေ” စတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောကြားသံကို ကြားရပါတယ်။

ကရင်ပြည်နယ်၊မြ၀တီမြိုနယ်အတွင်း အာဏာသိမ်းစစ်တပ်မှ ရွေးကောက်ပွဲဖြစ်မြောက်ဖို သာလွန် အင်းအား ၊ နည်းပညာမြင့် Droneတွေ ၊ လက်နက်ကြီးပစ်ကူတွေ၊ တာဝေးပစ်ဒုံးကျည်(Missiles)တွေ ၊ လေကြောင်းတိုက်ခိုက်မှုအသာစီးနဲ့ စစ်ကြောင်းထိုးလာတာကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားပြီး ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းက နိုဝင်ဘာ ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြဝတီမြို့နယ် လေးကေ့ကော်ဒေသက ရသေ့ဂူကျေးရွာ ၊ မင်းလက်ပံကျေးရွာ ၊ ဖလူးကျေးရွာတွေကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကို KNU/KNLA ဦးဆောင်တဲ့ ဗျူဟာ(၃၂) ကျားသစ်နက်စစ်ကြောင်း ၊ ကော်ဘရာစစ်ကြောင်း ၊ ဗွီနွန်စစ်ကြောင်း၊Justice Soldierတပ်ဖွဲ ပူးပေါင်းတော်၊လှန်ရေးတပ်ဖွဲတွေက တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ခဲ့တယ်လို ဆိုပါတယ်။

အောက်တိုဘာ ၃၁ ရက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲဝင်တွေ အများအပြား သေဆုံးတာ ထိခိုက်တာ၊ ထွက်ပြေးတာ အလင်းဝင်တာနဲ့ သုံပမ်းတွေ အများအပြား ရှိခဲ့တယ်လိုလည်း ထုတ်ပြန်ပါတယ်။

ထိတွေ့မှုတွေဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေဆီက ခဲယမ်းမီး ကျောက်များစွာကို သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြ အသိပေးပါတယ်။

တော်လှန်ရေးတပ်ဖွဲတွေအနေနဲ့ စစ်အာဏာရှင် စနစ်အမြစ်ပျက် ချေမှုန်းနိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို ကျားသစ်နက်စစ်ကြောင်းက ကြေညာခဲ့သလို ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီက နည်းမျိုးစုံ ရက်စက်ယုမာစွာနဲ့ ပြုလုပ်မဲ့ ရွေးကောက်ပွဲမျာ မပါဝင်ကြဖိုလည်း တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ