နိုဝင်ဘာ-၃၊၂၀၂၅။ဆဏ်း/People’s Spring
စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးပြည်သူတွေကို သတင်းစကားပေးတဲ့အနေနဲ့ တော်လှန်အနုပညာရှင်တွေရဲ့”အတုအယောင်ရွေးကောက် ပွဲ” ဇာတ်လမ်းတိုကို ဒီကနေ့(နိုဝင်ဘာ ၃)ရက်မှာ အွန်လိုင်းကနေ တင်ပေးထားပါတယ်။
ဒီဇာတ်လမ်းမှာ တစ်ခေတ်တစ်ခါက နာမည်ကျော် ဇာတ်သဘင်မင်းသား မိုးမင်းလည်းပါဝင်သရုပ်ဆောင်ထားပြီး အောင်သော် ၊ ပေါက်စီတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။
ဒီဇာတ်ကားကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပထမဆုံးတင်ခဲ့ပြီး ပါဝင်တဲ့ အနုပညာရှင်တွေရဲ့ ဖေ့စ်ဘွတ်ခ်တွေမှာလည်း တင်ထားပါတယ်။

Public Service Announcement
GSCBကတင်ထားရာမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ။အရေးတော်ပုံ အောင်ရမည်။” လို့ မှတ်ချက်ရေးသားထားပါတယ်။
ဇာတ်လမ်းအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်တစ်ယောက်က စက်ရုံလုပ်သားတွေကို မဲပေးဖို့ အတွက် ငွေပေးစည်းရုံးနေချိန်မှာ AI ကမ္ဘာကလူတစ်ယောက်ရောက်လာပြီးပြည်သူတွေကို AI ကနေရွေးကောက်ပွဲအကြောင်း ရှင်းပြပေးတဲ့ပုံစံ ရိုက်ကူးထားတာပါ။
မိုးမင်းက AI အနေနဲ့ ပြည်သူတွေသိချင်တဲ့ အကြောင်းအရာတွေကို တစ်ခုခြင်းရှင်းပြခဲ့ပြီးစစ်ကောင်စီရဲ့ရွေးကောက်ပွဲကအတုအယောင်ဖြစ်ကြောင်း တွေရှင်းပြထားတာပါ။
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးဇာတ်ကားလို ထိုးနှက်ချက်တွေ လိမ်ညာတာတွေမပါပဲ အချက်အလက်တွေနဲ့ အတုအယောင်ဖြစ်ကြောင်း ဖော်ပြထားတာပါ။


















































