နိုဝင်ဘာ-၃၊၂၀၂၅။အိမ်သွင်/People’s Spring
ကွတ်ခိုင်မြို့မှာရှိတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အချုပ်ခန်းကနေ အချုပ်သား ၃၈ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့သတင်းရရှိပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့ညကအချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတာဖြစ်ပြီး နိုဝင်ဘာလ ၃ရက်နေ့ညအထိ ပြန်မမိသေးဘူးလို့ TNLA နဲ့ နီးစပ်တဲ့ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။
“ခိုးဆိုးလုနှိုက်တွေ အကုန်ထွက်ပြေးတာ။ကင်းသမားပေါ့တာပေါ့။လိုက်ရှာနေသလိုကင်းသမားကို ဖမ်းပြီး စစ်နေတယ်” လို့ ၎င်းကပြောပါတယ်။

Public Service Announcement
ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ဟာ မန္တလေးမူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်မှာတည်ရှိပြီး TNLAရော ကိုးကန့်တပ်မတော် MNDAAပါ ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ TNLAက တရားဝင်သတင်းမထုတ်ပြန်သေးပါဘူး။ ဖြစ်စဥ်နဲ့ပါတ်သက်ပြီး TNLA မှတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
သံသယရှ်ိသူတွေကို တွေ့ရင် သတင်းပေးပို့ဖို့ TNLAတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။


















































