Connect with us

Hi, what are you looking for?

သတင်း

ပြင်သစ်သမ္မတက ​ဒေါ်​အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်နဲ့ နိုင်ကျဥ်းအားလုံးလွှတ်​ပေးရန်​တောင်းဆို

ပြင်သစ်သမ္မတအေမန်နျူယယ်မက်ခရွန်က နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည် ၊သမ္မတဦးဝင်းမြင့်နဲ့ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းဖမ်းဆီးခံရတဲ့ နိုင်ငံ​ရေးအကျဥ်းသား​တွေအားလုံး ခြွင်းချက်မရှိအမြန်ဆုံးလွှတ်​​ပေးဖို့ စာ​ရေးသား​တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်သမ္မတမက်ခရွန် ၊ နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည် ၊ ကိုထိန်းလင်းထံ ပြင်သစ်သမ္မတရဲ့စာကို​ပေးအပ်​နေတဲ့ မစ္စတာခရစ်စတန်လရှယ်ဗီ ၊ ပြင်သစ်သမ္မတက ​ပေးပို့တဲ့စာ။ ဓါတ်ပုံ- Kim Aris's FB ၊ Forbes ၊AFP

■ပြင်သစ်နိုင်ငံက မြန်မာပြည်သူ​​တွေနဲ့အတူရပ်တည်ပြီး ပံ့ပိုးကူညီရန်အသင့်ဟု​ဖော်ပြ

နိုဝင်ဘာ-၄၊၂၀၂၅။​နေ့သစ်/People’s Spring

ပြင်သစ်သမ္မတအေမန်နျူယယ်မက်ခရွန်က နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည် ၊သမ္မတဦးဝင်းမြင့်နဲ့ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းဖမ်းဆီးခံရတဲ့ နိုင်ငံ​ရေးအကျဥ်းသား​တွေအားလုံး ခြွင်းချက်မရှိအမြန်ဆုံးလွှတ်​​ပေးဖို့ စာ​ရေးသား​တောင်းဆိုခဲ့ပါတယ်။

ဒါအပြင်စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံ​နေရတဲ့ ဒေါ်​အောင်ဆန်းစုကြည်ရဲ့ကျန်းမာ​ရေးအ​ခြေအ​နေယိုယွင်းလာမှု နဲ့ သင့်​လျော်တဲ့ကျန်းမာ​ရေး​စောင့်​ရှောက်မှု ခံယူဖို့ အခက်အခဲကြုံ​နေရတာကို ​​​သားဖြစ်သူကိုထိန်လင်းက​ပြောပြလို့ သိရတဲ့အတွက် အလွန်စိုးရိမ်မိတယ်လို့ ပြင်သစ်သမ္မတက စာမှာ​ရေးထားပါတယ်

Public Service Announcement

Public Service Announcement

ပြင်သစ်သမ္မတက နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဆီကို လိပ်မူပြီး ရေးထားတဲ့စာ​ကို ပြင်သစ်၊နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာအတွက်အထူးကိုယ်စားလှယ် မစ္စတာခရစ်စတန်လရှယ်ဗီ ကတဆင့် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့သားကိုထိန်လင်း(​ကင်မ်အဲရစ်)ထံပေးပို့ခဲ့တာဖြစ်ပါတယ်။​၂၀၂၅ အောက်တိုဘာ ၁ ရက်ရက်စွဲတပ်ထားတဲ့ဒီစာဟာအခုနှစ်ပိုင်းအတွင်းမှာကမ္ဘာထိပ်တန်း​ခေါင်းဆောင်တဦးက​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ကျန်းမာ​ရေး နဲ့ ပြန်လွတ်​မြောက်​ရေးအတွက် အ​လေးထား​တောင်းဆိုတဲ့ စာဖြစ်ပါတယ် ။

ကိုထိန်းလင်းက​လည်း ပြင်သစ်နိုင်ငံရဲ့သနားကရုဏာတရား၊ အားပေးမှုနဲ့ မိတ်ဆွေကောင်း ပီသခြင်းတို့အတွက် ကျွန်တော်လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်။ ဒါဟာ အမှန်တရား၊ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေး တို့ကို နှုတ်ပိတ်ထားလို့ မရဘူးဆိုတာ ကမ္ဘာတဝှမ်းကလူတွေကို အသိပေးလိုက်တဲ့ စိတ်ရေးဆိုင်ရာ ခေါင်းဆောင်မှုတစ်ရပ် ဖြစ်တယ်လို့ ရေးထားပါတယ်။

“အသက်ကြီးလာပြီဖြစ်တဲ့ ကျွန်တော့်မေမေဟာ အချုပ်အနှောင်ထဲမှာ ကျန်းမာရေး မကောင်းတော့ပါ။ မေမေဟာ နိုင်ငံ့လွတ်လပ်ရေးအတွက် သူ့ဘဝ အသက်တာတစ်လျှောက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်တယ်။မေမေလွတ်မြောက်ခြင်းဟာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက်သာမက မြန်မာပြည်ရဲ့ လွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း အရေးပါဆုံးဖြစ်ပါတယ်။”လို့သူက​ရေးသားထားပါတယ်။

ပြင်သစ်သမ္မတရဲ့စာထဲမှာ ၂၀၂၀ ​နိုဝင်ဘာ ၈ ရက်ရွေး​ကောက်ပွဲဟာလွတ်လပ်ခဲ့သလို ပြင်သစ်အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုကြိုဆိုခဲ့ပါတယ်။ဒါ​ပေမယ့်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်​သွေးထွက်သံယိုဖြစ်​စေတဲ့ တုံ့ပြန်မှု​တွေ​ကြောင့်နိုင်ငံ နဲ့ ပြည်သူ​တွေအတွက်စိတ်မ​ကောင်းဖွယ်ကာလရှည်ကျပ်အတည်းအတွင်းကျ​ရောက်ခဲ့ပါတယ်။ဒီအ​ခြေအ​နေက အိမ်နီးချင်းနိုင်ငံ​တွေအ​ပေါ်သက်​ရောက်သလို ပြင်သစ်နိုင်ငံနဲ့ဆက်ဆံ​ရေးကိုလည်း က​မောက်ကမဖြစ်​စေခဲ့တယ်လို့​ဖော်ပြထားပါတယ်။

​​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ပြည်သူ​တွေလိုလားတဲ့ဒီမိုက​ရေစီနဲ့ ဖက်ဒရယ် ​မျှော်မှန်းချက်​တွေ ၊တရားဥပ​ဒေစိုးမိုးမှု ၊ မြန်မာ-ပြင်သစ် ၂ နိုင်ငံကြား နိုင်ငံ​ရေး၊စီးပွား​ရေး ၊ယဥ်​ကျေးမှုအရ ဆက်ဆံ​ရေး​တွေ​ကောင်းမွန်ဖို့ အပြည့်အဝ​ထောက်ခံအား​ပေးတယ်လို့​ရေးသားထားပါတယ် ။

မြန်မာပြည်သူ​တွေ အသက်အန္တရာယ်နဲ့ကြုံ​တွေ့​နေရချိန်မှာ ပြည်သူများနဲ့ ယှဥ်တွဲရပ်တည်ပြီး​တော့ အကြမ်းဖက်မှု​တွေ​လျော့ပါးဖို့ ၊တရားဝင်နိုင်ငံ​ရေး​ခေါင်းဆာင်​တွေ ​ရေးဆွဲထားတဲ့ ငြိမ်းချမ်း​ရေးလမ်း​ကြောင်းကို​ထောက်ခံအား​ပေးရန်ဆန္ဒရှိတယ်လို့လည်း​ စာမှာဖော်ပြပါတယ်။

​ဒေါ်​အောင်ဆန်းစုကြည် ကျန်မားပြီး ပြန်လည်လွတ်​မြောက်ပြီး မိသားစုနဲ့ ပြန်​တွေ့ဆုံနိုင်မယ်လို့​မျှော်လင့်တယ်လို့​လည်း​ရေးသားထားပါတယ်။

​နောက်ဆုံးမှာ မြန်မာပြည်သူ​တွေအားလုံးချမ်းသာသလို ၊ နိုင်ငံကို ငြိမ်းချမ်း​ပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာဖို့အခွင့်အလမ်းရရှိ​စေရန် ပံ့ပိုး​ပေးရန်အသင့်ပြင်ထားတယ်လို့လည်း မက်ခရွန် ကရေးသားထားပါတယ် ။

ဆက်စပ်သတင်းများ