Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းက ရှမ်းနီရွာ စာသင်ကျောင်းကို SNA ဒရုန်းဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ရှမ်းနီတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ နားမော်ကျေးရွာ စာသင်ကျောင်းကို ရှမ်းနီတပ်(SNA)က ဒရုန်းနဲ့ဗုံးကြဲတာကြောင်း မီးစွဲလောင်ခဲ့ပါတယ်။

SNA ရှမ်းနီတပ် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း မီးလောင်ပျက်စီးမှုတချို့တွေ့ရစဥ်

နိုဝင်ဘာ-၄၊ ၂၀၂၅။ အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ရှမ်းနီတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ နားမော်ကျေးရွာ စာသင်ကျောင်းကို ရှမ်းနီတပ်(SNA)က ဒရုန်းနဲ့ဗုံးကြဲတာကြောင်း မီးစွဲလောင်ခဲ့ပါတယ်။

နားမော်ကျေးရွာ စာသင်ကျောင်း မီး‌လောင်နေလို့ ငြှိမ်းသတ်နေတဲ့ ရုပ်သံဖိုင်ကို တော်လှန်ရေးအင်အားစုတွေက ဒီ‌နေ့ နိုဝင်ဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။ SNAက ဒရုန်းနဲ့ဗုံးကြဲတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ ကျတော်တို့ စစ်သားဘဝကနေ မီးသတ်သမားဖြစ်နေပြီ” လို့ မီးငြှိမ်းသတ်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ရုပ်သံဖိုင်မှာ ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

နားမော်ကျေးရွာဟာ ရှမ်းနီတိုင်းရင်းသားတွေ အများဆုံးနေထိုင်ပြီး ရှမ်းနီရွာလို့လည်း လူသိများပါတယ်။ အရင်က တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး SNAက စာသင်ကျောင်းကို ပစ်မှတ်ထားကာ ဗုံးကြဲတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

SNAဟာ စစ်တပ် လက်​အောက်ခံလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ဗန်းမောက်၊ ဟုမ္မလင်း၊ တမူး၊ ကလေးမြို့နယ်တွေအပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေ ပါဝင်တိုက်ခိုက်နေပါတယ်။ တိုက်ပွဲတွေအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့ ပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကိုလည်း ကျူးလွန်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

အောက်တိုဘာ ၃၀ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ SNAတပ်ဖွဲ့ဝင်နှစ်ဦးက စစ်​ဘေး​ရှောင်မသန်စွမ်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးက အဓမ္မပြုကျင့်ခဲ့လို့ အမှုမှန်ပေါ်ပေါက်အောင် ဝိုင်းဝန်းကြိုးစားပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ