နိုဝင်ဘာ-၄၊၂၀၂၅။မိုမို/People’s Spring
မကွေးတိုင်းက ကျေးရွာတွေ၊ ဘာသာရေးအဆောက်အဦးတွေနဲ့ လူစည်ကားတဲ့ နေရာတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့မှုတွေလုပ်နေတယ်လို့မကွေးတိုင်းပကဖကဒီကနေ့( နိုဝင်ဘာ ၄ရက်) ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁ ရက်ကစပြီး ၃၁ ရက်အထိ စစ်ကောင်စီက မကွေးတိုင်းအတွင်းက ပြည်သူလူထုနဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ အကြိမ်ရေ ၃၀ ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်၊မြိုင်၊ပခုက္ကူ၊ထီးလင်း၊နတ် မောက် နဲ့ မြိုသစ် မြို့တွေမှာဂျက်ဖိုက်တာ၊Y 12 ၊ဂျိုင်ရိုကော်ပတာ၊ပါရာမော်တာ နဲ့ ဒရုန်းတွေ အသုံးပြုပြီး ဗုံးကြဲခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
“သေဆုံးအရပ်သား ၁၀ဦးကျော်ပါတယ်။ထိခိုက်မှုနဲ့ဆို ၂၀၀န်းကျင် ရှိပါမယ်”လို့ မကွေးတိုင်း ပကဖ တာဝန်ရှိသူက ပြောပါတယ်။
လေကြောင်းကနေဗုံးကြဲတာဟာပြည်သူကိုရည်ရွယ်ချက်ရှိရှိ ကြောက်လန့်ပြီးမနေရဲအောင်နဲ့ ၎င်းတို့ရဲ့ စိုးမိုးနယ်မြေ မြို့ပေါ်တွေဘက်ကို ရွှေ့ပြောင်လာဖို့လို့ ၎င်းက သုံးသပ်ပါတယ်။
“ပြေးလာအောင် လုပ်တာ။ ရွေးကောက်ပွဲနီးလာတာ အတွက်ရောပေါ့”လို့ မကွေးတိုင်း ပကဖ တာဝန်ရှိသူက စစ်ကောင်စီ ဗုံးကြဲနေမှုအပေါ် ပြောပါတယ်။
ဒါ့အပြင်ပေါက်နဲ့ မြိုင်မြို့နယ်ကစစ်ကြောင်းထိုးမယ့်လမ်းပိုင်းက ကျေးရွာတွေကို လမ်းရှင်းအောင် ဗုံးကြဲတာအပြင် မီးရှို့တာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။
လတ်တလောမှာပေါက်မြို့နယ်ကိုလေကြောင်းကနေ တိုက်ခိုက်ခဲ့မှုအများဆုံးဖြစ်နေပြီး မြေပြင် စစ်ကြောင်းတွေလည်း ရောက်ရှိနေတာကြောင့် ပြည်သူတွေ ဂရုတစိုက်နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဆိပ်ဖြူ နဲ့ ပေါက်မြို့နယ်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကနေ စစ်ကောင်စီတပ်က အင်အာထောင်ဂဏန်းဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေလို့ ပြည်သူတစ်သောင်းကျော် စစ်ရှောင်နေရတယ်လို့လည်း ပေါက်မြို့နယ် ပကဖက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။


















































