Connect with us

Hi, what are you looking for?

သတင်း

ဘုံရန်သူကို ရှင်းလင်းစွာကြည့်ဖို့၊ညီညွတ်တဲ့အင်အားတည်ဆောက်ဖို့ NUG ယာယီသမ္မတ ထပ်မံတိုက်တွန်း

တော်လှန်ရေးဟာစုစည်းညီညွတ်မှုအားနဲ့ ပြည်သူ့အားကို မြဲမြဲစွာ ဆုပ်ကိုင်ထားရမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက ထပ်လောင်းနှိုးဆော်လိုက်ပါတယ်။

NUG ယာယီသမ္မတဒူဝါလရှီးလ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - ယာယီသမ္မတ လူမှုကွန်ရက်

နိုဝင်ဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

တော်လှန်ရေးဟာစုစည်းညီညွတ်မှုအားနဲ့ ပြည်သူ့အားကို မြဲမြဲစွာ ဆုပ်ကိုင်ထားရမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက ထပ်လောင်းနှိုးဆော်လိုက်ပါတယ်။

” ပြည်သူခုခံတော်လှန်စစ်ကြေညာaခြင်း (၂) နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း” မှ ကောက်နုတ်ချက်ကို ယာယီသမ္မတရဲ့ Facebook စာမျက်နှာမှာ ဒီကနေ့ နိုဝင်ဘာ ၅ရက်ညပိုင်းမှာ အခုလို ထပ်မံတိုက်တွန်းခဲ့တာပါ။

” စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်ဖို့ဆိုရင် ကျွန်တော်တို့ကြားမှာ ကွဲလွဲတဲ့ သဘောထားအမြင်တွေ ရှိလာရင်လည်း အသိအမှတ်ပြုပြီး စုစည်း ညီညွတ်တဲ့အင်အားကို လက်တွဲ တည်ဆောက်ရပါလိမ့်မယ်၊ ဘုံရန်သူကို ရှင်းလင်းပြတ်သားစွာ ကြည့်မြင်ရပါလိမ့်မယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ တော်လှန်ရေးဟာ ပြည်သူကြားက ပေါက်ဖွားလာတဲ့ တော်လှန်ရေးဖြစ်တာကြောင့် တော်လှန်ရေးဟာ ပြည်သူလူထုနဲ့ ဝေးကွာမသွားစေရေး အမြဲမပြတ်နှလုံးသွင်းထားကြဖို့ လိုအပ်တယ်လို့လည်း ယာယီသမ္မတက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့ သမိုင်းအစဉ်အလာကြီး မားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD) ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက်အလိုရှိနေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော် တို့နှင့် ချင်းညီနောင်ခေါင်းဆောင်များ သီးခြားစီတွေ့ဆုံခဲ့ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက၎င်း၏​ဖေစ်ဘွခ်မှတဆင့် အသိပေးထားသည်။

သတင်း

နိုင်ငံရေးနှင့်ဖြစ်စေ၊စစ်ရေးဖြင့်ဖြစ်စေမည်သည့်နည်းနှင့်မဆို စစ်ကောင်စီကို ဖယ်ရှားနိုင်ရေး လုပ်ဆောင်နိုင်ရန် အဓိကဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။