Connect with us

Hi, what are you looking for?

သတင်း

ဘုံရန်သူကို ရှင်းလင်းစွာကြည့်ဖို့၊ညီညွတ်တဲ့အင်အားတည်ဆောက်ဖို့ NUG ယာယီသမ္မတ ထပ်မံတိုက်တွန်း

တော်လှန်ရေးဟာစုစည်းညီညွတ်မှုအားနဲ့ ပြည်သူ့အားကို မြဲမြဲစွာ ဆုပ်ကိုင်ထားရမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက ထပ်လောင်းနှိုးဆော်လိုက်ပါတယ်။

NUG ယာယီသမ္မတဒူဝါလရှီးလ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - ယာယီသမ္မတ လူမှုကွန်ရက်

နိုဝင်ဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

တော်လှန်ရေးဟာစုစည်းညီညွတ်မှုအားနဲ့ ပြည်သူ့အားကို မြဲမြဲစွာ ဆုပ်ကိုင်ထားရမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက ထပ်လောင်းနှိုးဆော်လိုက်ပါတယ်။

” ပြည်သူခုခံတော်လှန်စစ်ကြေညာaခြင်း (၂) နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း” မှ ကောက်နုတ်ချက်ကို ယာယီသမ္မတရဲ့ Facebook စာမျက်နှာမှာ ဒီကနေ့ နိုဝင်ဘာ ၅ရက်ညပိုင်းမှာ အခုလို ထပ်မံတိုက်တွန်းခဲ့တာပါ။

” စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်ဖို့ဆိုရင် ကျွန်တော်တို့ကြားမှာ ကွဲလွဲတဲ့ သဘောထားအမြင်တွေ ရှိလာရင်လည်း အသိအမှတ်ပြုပြီး စုစည်း ညီညွတ်တဲ့အင်အားကို လက်တွဲ တည်ဆောက်ရပါလိမ့်မယ်၊ ဘုံရန်သူကို ရှင်းလင်းပြတ်သားစွာ ကြည့်မြင်ရပါလိမ့်မယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ တော်လှန်ရေးဟာ ပြည်သူကြားက ပေါက်ဖွားလာတဲ့ တော်လှန်ရေးဖြစ်တာကြောင့် တော်လှန်ရေးဟာ ပြည်သူလူထုနဲ့ ဝေးကွာမသွားစေရေး အမြဲမပြတ်နှလုံးသွင်းထားကြဖို့ လိုအပ်တယ်လို့လည်း ယာယီသမ္မတက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားပြည်သူလူထုရဲ့ စုပေါင်းအားဖြင့်သာ စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှာ ဖြစ်လို့ ခိုင်မာသော တပ်ပေါင်းစုတပ်ရပ် ပေါ်ပေါက်ရေးအစဉ် ကြိုးပမ်းနေကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)/ရာမညမွန်တပ်တော် က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက လူဦးရေ ၂သိန်းကျော် ရေဘေးဒုက္ခကြုံနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်၊ ရေဘေးကြောင့် သေဆုံးပျောက်ဆုံး ၂၄ဦးရှိ

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် အဘက်ဘက်ကနေ တာဝန်ယူကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

နွေဦးတော်လှန်ရေးအတွင်းမှာ ပေါ်ပေါက်လာတဲ့ စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စစ်ဒေသအလိုက် ဦးစီးကွပ်ကဲဖို့ ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။