Connect with us

Hi, what are you looking for?

သတင်း

၁၀လအတွင်း အလင်းဝင်နဲ့ ဖမ်းမိ စစ်ကောင်စီတပ်သား ၂၂၀၀ကျော်ရှိဟု ပြည်သူ့ပန်းတိုင်ပြော

စစ်ကောင်စီတပ်သားတွေ စစ်အာဏာရှင်ကို စွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်လာရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ အခု ၂၀၂၅ ဇန်နဝါရီကနေ အောက်တိုဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၂၂၄၆ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂လအတွင်း ချင်းကာကွယ်ရေးတပ် - အရှိုဖမ်းမိသော စစ်ကောင်စီတပ်သား ၂၆ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF အရှို

နိုဝင်ဘာ-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်ကောင်စီတပ်သားတွေ စစ်အာဏာရှင်ကို စွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်လာရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ အခု ၂၀၂၅ ဇန်နဝါရီကနေ အောက်တိုဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၂၂၄၆ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစရဲ့ “ ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဉ်မှာ အောက်တိုဘာ စတုတ္ထပတ်အတွင်း အလင်းဝင် ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပန်းအရေအတွက်ကို အသိပေးသလို အခုနှစ် ၁၀လတာ ကာလအတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းမီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် တွေရဲ့ အရေအတွက်ကို အသိပေးထားတာဖြစ်ပါတယ်။

အောက်တိုဘာ စတုတ္ထပတ်အတွင်းမှာ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ အလင်းဝင်ပူးပေါင်းလာသူ ၅ဦး ဖြစ်ပြီး စစ်ကိုင်းတိုင်းက ၃ဦး၊ ချင်းပြည်နယ်က ၂ဦးဖြစ်တယ်လို့ ဖော်ပြပါတယ်။ အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၅ ဦး အနက် ၄ ဦးဟာ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်သုံ့ပန်း ဖမ်းဆီးခံရသူ ၁၀ဦး ရှိပြီး ၉ဦးဟာ မန္တလေးတိုင်းက ဖြစ်ပြီး တနင်္သာရီတိုင်းက ၁ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ အောက်တိုဘာ ၂၂ရက်ကနေ ၃၁ရက်အတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့ သတင်းတွေဆီက အချက်အလက် ကောက်ယူပြီး ပြည်သူ့ပန်းတိုင်က ဖော်ပြတာဖြစ်လို့ လက်တွေ့မှာ အလင်းဝင်နဲ့ ဖမ်းမိ စစ်ကောင်စီတပ်သား ဦးရေ အခုထက်ပိုများနိုင်ပါတယ်။

မကွေးတိုင်း ငဖဲမြို့နယ်အခြေစိုက်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှိုရဲ့ နိုဝင်ဘာ ၂ရက် ထုတ်ပြန်ချက်မှာ အောက်တိုဘာနဲ့ စက်တင်ဘာ ၂လအတွင်း စစ်ကောင်စီတပ်သား ၂၆ ဦး အရှင်ဖမ်းမခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ရေးသတင်းတွေ အတိအကျ ထုတ်ပြန်ခြင်းမရှိတဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့တွေရှိနေပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်ရဲ့ အောက်ခြေ စစ်သည်တွေ အနာဂတ်ဟာ တိုက်ပွဲတွေနဲ့အတူ မှုန်ဝါးပျောက်ကွယ်နေဆဲမို့ အလင်းဝင်၊ လက်နက်ချခြင်းကသာ ကိုယ့်ငြိမ်းချမ်းရေး ကိုယ်ရှာယူနိုင်ကြမယ့် တခုတည်းသောလမ်း ဖြစ်လာနေကြောင်း ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်ပြီး ရတဲ့နည်းနဲ့ ပြည်သူ့ဘက် ပူးပေါင်းပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီရဲ့တပ်မ(၇၇)လက်အောက်ခံအမှတ်(၁၀၇)ခြေမြန်တပ်ရင်း(ခမရ-၁၀၇)က စစ်မှုထမ်းတပ်သားသစ် လေးဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း(Yenanthar Column)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းထားတဲ့ တပ်သားသစ် ၃ဦး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က နိုဝင်ဘာ ၁၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီ တပ်သားနှစ်ဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(အောက်တိုဘာ ၂၈ရက်) ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က စစ်ကောင်စီတပ်သားသစ်တဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ထောက်ပို့အဖွဲ့အချို့မှာ ဓာတ်ပုံနဲ့အတူ ဖော်ပြအသိပေးထားပါတယ်။