Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တော်လှန်ရေးတပ်တွေ တပြိုင်နက်စီးနင်းတိုက်ခိုက်၊ ဘန်ကာ ၁၁ခုအထိ သိမ်းစည်း

မန္တလေးတိုင်း၊ တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တောင်သာမြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၆၊ ၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မနေ့က(နိုဝင်ဘာ ၅ ရက်) မနက် ၆နာရီခန့်က တောင်သာမြို့ရှိ ကျီးရိုးဂိတ်၊ ဗိဿနိုး‌‌တောင်ဂိတ်နဲ့ ဇဂျမ်းအထွက် သံလမ်းစစ်ဆေးရေးဂိတ်တွေကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“တစ်ဂိတ်နဲ့တစ်ဂိတ်က မနီးဘူးဗျ။ ဇဂျမ်းအထွက်သံလမ်းဂိတ်ဆိုတာက တောင်သာမြို့ရဲ့အနောက်ဘက်အထွက်ဂိတ်။ မကျည်းရိုးဂိတ်က တောင်သာမြို့အရှေ့ဘက်အထွက်ဂိတ်။ တောင်သာမြို့ မကျည်းရိုးဂိတ်ရဲ့တောင်ဘက်ကတောင်ပေါ်။”လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မကျီးရိုးဂိတ်ရှိ စစ်အုပ်စုဝင်များထွက်ပြေးပြီး ဘန်ကာများအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးရဲ့ အလောင်းတွေ တွေ့ရပြီး ဘန်ကာတွေကို မီးရှို့ခဲ့တယ်လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

ဗိဿနိုးတောင်ပေါ်ရှိ ဂိတ်ဝင်ရောက်တိုက်ခိုက်ရာမှာလည်း စစ်အုပ်စုဝင်များထွက်ပြေးပြီး ဘန်ကာ ၁၂ ခုအနက် ဘန်ကာ ၁၁ခုအထိသိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ဇဂျမ်းအထွက် သံလမ်းဂိတ်ကတော့ အပြန်အလှန်ပစ်ခတ်ပြီး မသိမ်းနိုင်ခဲ့ပေမဲ့ စစ်အုပ်စုဝင်တွေထွက်ပြေးသွားခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းရဲ့ ရဲဘော်တဦး ကျည်ထိမှန်ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။

” မကျည်းရိုးဂိတ်ကတော့ ဝင်ရောက်သိမ်းဆည်းချိန်မှာ သူတို့ပစ်ချိန် မရလိုက်ဘဲ သူတို့ပြေးကြတယ်။ အနောက်ဘက်ဂိတ်ကတော့ အရှေ့ဘက်က သေနတ်သံကြားတော့ ဘန်ကာထဲဝင်ချိန်ရပြီးတော့ ဟိုဘက်ဒီဘက်ပစ်ခတ်မှုဖြစ်ပြီးတော့ အနေက်ဘက်ဇဂျမ်းသံလမ်းဂိတ်ကတော့ မသိမ်းလိုက်နိုင်ဘူး။ မကျည်းရိုးဂိတ်ကတော့ အကုန်သိမ်းလိုက်နိုင်တယ်။ သိမ်းနိုင်ပြီး ဘန်ကာတွေမီးရှို့ဖျက်ဆီးတယ်။ ဂျန်မာတွေဖြုတ်တယ်။”လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုဝင်တွေဟာ လက်နက်တွေယူပြီး ထွက်ပြေးကြလို့ လက်နက်မသိမ်းလိုက်နိုင်ဘူးလို့ သိရပါတယ်။

ကာကွယ်ရေးရဲဘော်တွေအနေနဲ့ ဘန်ကာတွေကို ထိန်းထားနိုင်ပေမဲ့ စစ်ကောင်စီ လေကြောင်းကနေတိုက်ခိုက်ပါက တောင်သာမြို့ပေါ် ပြည်သူတွေ ထိခိုက်မှာစိုးတဲ့အတွက် မီးရှို့ပြီး ပြန်ဆုတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ည ၈နာရီကျော်မှာတော့ စစ်ကောင်စီတပ်က တောင်သာနယ်အတွင်းက ရွှေသံဘိုကျေးရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူတဦးသေဆုံးကာ အိမ်တွေပျက်စီးခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။