Connect with us

Hi, what are you looking for?

သတင်း

အရာတော်က စစ်တပ်စခန်းကို ပကဖ​စီးနင်းတိုက်ခိုက်၊ စစ်သားတွေ စခန်းစွန့်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ် အမှတ် (၂)ကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုဝင်တွေ စခန်းစွန့်ထွက်ပြေးသွားကြောင်း သတင်းရရှိပါတယ်။

သိမ်းဆည်းရမိတဲ့ စစ်အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပကဖအသံ

နိုဝင်ဘာ-၆၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ် အမှတ် (၂)ကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုဝင်တွေ စခန်းစွန့်ထွက်ပြေးသွားကြောင်း သတင်းရရှိပါတယ်။

တန်ဆောင်မုန်းလပြည့်ည(နိုဝင်ဘာ ၅ ရက် မနက် ၂ နာရီ)ခန့်က အရာတော်မြို့မြောက်ဘက်အစွန်မှာရှိတဲ့ အမှတ်(၂)ကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် မိနစ် ၂၀ ခန့်ကြာမြင့်ပြီး စစ်အုပ်စုဝင်တွေ စခန်းစွန့်ထွက်ပြေးသွားခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အင်အားက ၁၀၊ ၁၅ လောက်ရှိတယ်။ သူတို့က တပ်စွဲထားတာကြာပြီ။ အဲဒီမှာဂိတ်နဲ့ ပြည်သူတွေဆီက ပိုက်ဆံတောင်းတာ။ ထိခိုက်သေဆုံးမှုကတော့ စိစစ်ဆဲဗျ။ ကျနော်တို့ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရမိတဲ့ စစ်အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပကဖအသံ

အဲဒီစခန်းကနေ ၇.၆၂ ကျည် ၅၁၁ တောင့်၊ ၅.၅၆ကျည် ၄၀၀ တောင့်၊ Icon ၄လုံး၊ ငွေသား ၂၉၄၆၀၀ ကျပ်၊ ဆိုင်ကယ် ၃ စီး၊ Equipment တစ်စုံနဲ့ အခြား စစ်သုံးခရာ၊ ကျည်ကာဦးထုပ် စတဲ့စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ဒါ့အပြင်စစ်ကူလာနိုင်တဲ့ ခတ ၁၀နဲ့ တကရ ၅၀၀၄ တပ်တွေ ဖြတ်တောက်နိုင်ရေးအတွက်လည်း ပကဖ ရဲဘော်တွေက တာဝန်ယူထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီဂိတ်စခန်းကိုစီးနင်းတိုက်ခိုက်တဲ့စစ်ဆင်​ရေးကို အရာတော်မြို့နယ်ပကဖတာဝန်ခံ ရဲဘော် သော်က က စီစဥ်ပြီး အရာတော်မြို့နယ် ပကဖ ရဲဘော် မိုက်တီး ဦးစီးတဲ့ အရာတော်မြို့နယ်ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ကျားသစ်နက် LDF စတဲ့အဖွဲ့တွေက ပူးပေါင်းအင်အား ၃၀ နဲ့ ကျည်မျိုးစုံ ၂၂၀၀ ကျော်နဲ့ လက်ပစ်ဗုံးတွေပါသုံးကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အရာတော်မြို့ပေါ်က ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့နေထိုင်ပေးကြဖို့ အရာတော်ပကဖတာဝန်ရှိသူက မေတ္တာရပ်ခံပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။