Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ လေးမျက်နှာမြို့နယ်ကို စစ်တပ်အင်အားထပ်ဖြည့်

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။

နိုဝင်ဘာ-၇၊၂၀၂၅။‌‌အိမ်သွင်/People’s Spring

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။

စစ်မှုထမ်းသင်တန်းဆင်း‌တွေကို ဟင်္သာတ-တလုထ္ထော်လမ်းကနေ စစ်ကားတွေနဲ့ ပို့နေတာလို့ ဟင်္သာတမြို့၊ ချောင်းပြား‌လေးရွာဒေသခံတစ်ဦးကပြောပါတယ်။

“မနက်စောစောပိုင်းတွေစစ်ကားတွေနေ့‌တိုင်းသွားနေတယ်။ အမိုးတွေ အုပ်ထားတယ်။ ‌တောက်လျှောက်တက်နေတာ” လို့သူကပြောပါတယ်။

Public Service Announcement

Public Service Announcement

ချောင်းပြား‌လေးကျေးရွာဟာ ဟင်္သာတ-တလုထ္ထော်လမ်းဘေးမှာရှိတာပါ။ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို စစ်တပ်က လေကြောင်းကနေဗုံးကြဲနေသလို ကားလမ်းကနေလည်း စစ်အင်အားတွေပို့ဆောင်နေတာဖြစ်ပါတယ်။

ရေကြည်နဲ့ လေးမျက်နှာမြို့နယ်စပ်က စက်စက်ယိုကျေးရွာနဲ့ပတ်ဝန်းကျင်နေရာတွေမှာ ပြီးခဲ့တဲ့စက်တင်ဘာလကတည်းကတိုက်ပွဲတွေဖြစ်ခဲ့ပြီးနိုဝင်ဘာလ၆ရက်နေ့အထိလည်း တိုက်ပွဲ တွေပြင်းထန်နေတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

လေးမျက်နှာမြို့နယ်ဟာဧရာဝတီတိုင်းထဲက ဟင်္သာတ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တွေအပြင် ရခိုင်ပြည်နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်ကောင်စီတန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာဝေးပါတယ်။အခုရက်ပိုင်းမှာ တတက(၅)ကို အင်အားအများအပြားဖြည့်းတင်းနေသလို အဲဒီကနေလက်နက်ကြီးတွေပစ်ခတ်မှုပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ၂၉ရက်နေ့ကစပြီး စစ်ကောင်စီတပ်က စစ်တပ်သုံးSpy Balloonsတွေနဲ့ ကင်းထောက်တာတွေ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်စက်ယိုကျေးရွာအပါအဝင်လေးမျက်နှာမြို့နယ်ထဲက စစ်တပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားတာဖြစ်ပြီး စစ်တပ်က တန်ပြန် စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ကျော်ရှိနေပြီး အကူအညီတွေပေးကြဖို့အတွက် ဧရာဝတီတိုင်းထဲက အရပ်ဖက်လှုမှုကူညီရေးလုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လထဲမှာတော့ဒေသခံစစ်ရှောင်တွေကို နေရပ်ကိုပြန်ဖို့ စစ်ကောင်စီကဖိအားပေးပြီး တချိန်တည်းမှာမြေပြင်စစ်ကြောင်းတွေ၊လေကြောင်းနဲ့လက်နက်ကြီး အင်အားတွေနဲ့ တန်ပြန်ထိုးစစ်စတင်ခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီ သေဆုံးမှုများပြီး တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့သလို လေကြောင်းကနေလည်းနေ့စဉ်နီးပါး ဗုံးကြဲနေခဲ့တာပါ။

တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တပ်က အရပ်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ၂၃ရက်နေ့က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYAPDF အမှတ်၂၉ဗျူဟာက ထုတ်ပြန်ထားပါတယ်။ပြည်သူလူထုအပေါ်စစ်ရာဇဝတ်မှုကျူးလွန်သော အကြမ်းဖက်စစ်အုပ်စုကို အပြင်းထန် ဆုံး လက်တုံ့ပြန်သွားမယ်လို့လည်း ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။