Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ လေးမျက်နှာမြို့နယ်ကို စစ်တပ်အင်အားထပ်ဖြည့်

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။

နိုဝင်ဘာ-၇၊၂၀၂၅။‌‌အိမ်သွင်/People’s Spring

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။

စစ်မှုထမ်းသင်တန်းဆင်း‌တွေကို ဟင်္သာတ-တလုထ္ထော်လမ်းကနေ စစ်ကားတွေနဲ့ ပို့နေတာလို့ ဟင်္သာတမြို့၊ ချောင်းပြား‌လေးရွာဒေသခံတစ်ဦးကပြောပါတယ်။

“မနက်စောစောပိုင်းတွေစစ်ကားတွေနေ့‌တိုင်းသွားနေတယ်။ အမိုးတွေ အုပ်ထားတယ်။ ‌တောက်လျှောက်တက်နေတာ” လို့သူကပြောပါတယ်။

Public Service Announcement

Public Service Announcement

ချောင်းပြား‌လေးကျေးရွာဟာ ဟင်္သာတ-တလုထ္ထော်လမ်းဘေးမှာရှိတာပါ။ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို စစ်တပ်က လေကြောင်းကနေဗုံးကြဲနေသလို ကားလမ်းကနေလည်း စစ်အင်အားတွေပို့ဆောင်နေတာဖြစ်ပါတယ်။

ရေကြည်နဲ့ လေးမျက်နှာမြို့နယ်စပ်က စက်စက်ယိုကျေးရွာနဲ့ပတ်ဝန်းကျင်နေရာတွေမှာ ပြီးခဲ့တဲ့စက်တင်ဘာလကတည်းကတိုက်ပွဲတွေဖြစ်ခဲ့ပြီးနိုဝင်ဘာလ၆ရက်နေ့အထိလည်း တိုက်ပွဲ တွေပြင်းထန်နေတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

လေးမျက်နှာမြို့နယ်ဟာဧရာဝတီတိုင်းထဲက ဟင်္သာတ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တွေအပြင် ရခိုင်ပြည်နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်ကောင်စီတန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာဝေးပါတယ်။အခုရက်ပိုင်းမှာ တတက(၅)ကို အင်အားအများအပြားဖြည့်းတင်းနေသလို အဲဒီကနေလက်နက်ကြီးတွေပစ်ခတ်မှုပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ၂၉ရက်နေ့ကစပြီး စစ်ကောင်စီတပ်က စစ်တပ်သုံးSpy Balloonsတွေနဲ့ ကင်းထောက်တာတွေ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်စက်ယိုကျေးရွာအပါအဝင်လေးမျက်နှာမြို့နယ်ထဲက စစ်တပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားတာဖြစ်ပြီး စစ်တပ်က တန်ပြန် စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ကျော်ရှိနေပြီး အကူအညီတွေပေးကြဖို့အတွက် ဧရာဝတီတိုင်းထဲက အရပ်ဖက်လှုမှုကူညီရေးလုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လထဲမှာတော့ဒေသခံစစ်ရှောင်တွေကို နေရပ်ကိုပြန်ဖို့ စစ်ကောင်စီကဖိအားပေးပြီး တချိန်တည်းမှာမြေပြင်စစ်ကြောင်းတွေ၊လေကြောင်းနဲ့လက်နက်ကြီး အင်အားတွေနဲ့ တန်ပြန်ထိုးစစ်စတင်ခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီ သေဆုံးမှုများပြီး တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့သလို လေကြောင်းကနေလည်းနေ့စဉ်နီးပါး ဗုံးကြဲနေခဲ့တာပါ။

တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တပ်က အရပ်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ၂၃ရက်နေ့က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYAPDF အမှတ်၂၉ဗျူဟာက ထုတ်ပြန်ထားပါတယ်။ပြည်သူလူထုအပေါ်စစ်ရာဇဝတ်မှုကျူးလွန်သော အကြမ်းဖက်စစ်အုပ်စုကို အပြင်းထန် ဆုံး လက်တုံ့ပြန်သွားမယ်လို့လည်း ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။