Connect with us

Hi, what are you looking for?

သတင်း

ပျူစောထီးတွေ ကားနဲ့လိုက်တိုက်လို့ မန္တလေးမြို့မှာ လူငယ်တစ်ဦး သေဆုံး

မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ ဦးကို ပျူစောထီးတွေက ကားနဲ့ လိုက်တိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးတွေ ကားနဲ့လိုက်တိုက်လို့ ထိခိုက်ရရှိသူ လူငယ်တွေကို လူမှုကူညီရေးအသင်းဝင်တွေက ကူညီနေစဥ်။

နိုဝင်ဘာ-၇၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ ဦးကို ပျူစောထီးတွေက ကားနဲ့ လိုက်တိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ရက် ည ၈ နာရီခွဲလောက်မှာ ‌‌Pioneer ကလပ်ကနေထွက်လာတဲ့၊ ဆိုင်ကယ်စီးလာတဲ့ အသက် ၁၈နှစ်အရွယ်လူငယ် ၃ဦးကို ကလပ်ထွက်ပေါက်ဖြစ်တဲ့ ၃၅လမ်းပေါ်မှာ ပျူစောထီးကားက တားခဲ့တာလို့ သိရပါတယ်။

အဲဒီလူငယ်တွေက ဆိုင်ကယ်နဲ့မောင်းပြေးစဉ် မရပ်ရင် ပစ်သတ်မယ်ဆိုပြီး Mark II ကားနဲ့ ပျူစောထီးတွေက လိုက်ခဲ့တာလို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် လမ်း ၈၀၊၃၇ လမ်း‌မှာ အဲဒီပျူစောထီးကားက ဆိုင်ကယ်ကို ဝင်တိုက်စဉ် ဆိုင်ကယ်က ဘေးကို တိမ်းရှောင်ခဲ့ရာ အိမ်ရှေ့မှာ ရပ်ထား‌တဲ့ ခွေးဘီလူးကားကို ဝင်တိုက်မိတာလို့ သိရပါတယ်။

“ ပျူကားက ပွတ်ဆွဲသွားတာ။ အဲတာကို တိမ်းလိုက်လို့ ရပ်ထားတဲ့ကားကို တိုက်မိသွားတာ။ တယောက်က ဆေးရုံကြီးကိုပို့ပြီး မနက် ၃ နာရီလောက်မှာ ဆုံးသွားတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

တိုက်သွားတဲ့ကားပေါ်မှာ ဓားအရှည်နဲ့ သေနတ်တွေကိုင်ထားတာ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ်လူငယ်တွေပါတယ်လို့ မျက်မြင်တွေ့လိုက်သူတွေက ပြောပါတယ်။

ဆိုင်ကယ်မတော်တဆမှု ဖြစ်ပြီးတဲ့နောက်လည်း ပျူစောထီးတွေက ကားတွေနဲ့ အခင်းဖြစ်နေရာကို ရောက်လာကြသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ