Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ နယ်ထိန်းနဲ့ရဲတပ်သား ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းနဲ့ရဲတပ်သား ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

သေဆုံးရဲတွေထံက သိမ်းဆည်းရမိသော G3 သေနတ်နှင့် ကျည်အချို့။ ဓာတ်ပုံ-မုံရွာခရိုင်ပကဖ

နိုဝင်ဘာ-၇၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းနဲ့ရဲတပ်သား ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ ၄ ရက် နေ့လယ် ၂ နာရီခွဲခန့်က ချောင်းဦးမြို့နယ်ရှိ အမြင့် နယ်မြေရဲစခန်းက နယ်ထိန်းနိုင်ထက်ဇော်နဲ့ ရဲတပ်သား မိုးဇော်အောင်တို့ဟာ ဆိုင်ကယ်တစ်စီးနဲ့ထွက်လာချိန် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ ရဲဘော်တွေက ရဲစခန်းအနီးက ချင်းတွင်းမြစ်ဆိပ်မှာ ကြိုတင်နေရာယူပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း မုံရွာခရိုင်ပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ သူတို့စခန်းနဲ့ အရမ်းမဝေးပါဘူး။ စစ်ကော်မရှင်ရဲ့ ထိန်းချုပ်နယ်မြေတော့ဟုတ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အခြေပြုနယ်မြေတော့ မဟုတ်ပါဘူးဗျ။ ရန်သူ့နယ်မြေထဲဝင်ပြီး လှုပ်ရှားခဲ့ရတဲ့ သဘောပါဗျ။ အမှည့်ခြွေ စစ်ဆင်ရေး ပုံစံပေါ့ဗျာ။ ကိုယ့်ဘက်က သတိကြီးကြီးထားပြီး၊ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းနဲ့ ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုကြောင့် ရဲနှစ်ဦးလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ သူတို့ဆီက G3 သေနတ်တစ်လက်၊ ကျည်ဘောက် ၁ခု၊ ကျည် ၁၂တောင့်နဲ့ လက်ကိုင်ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာခရိုင်ပကဖအဖွဲ့က အသိပေးပါတယ်။။

ဒါ့အပြင် အမြင့်ရဲစခန်းနဲ့ ချောင်းဦးမြို့ပေါ်ကနေ စစ်ကြောင်းထိုးလာနိုင်လို့ စိုးမိုးနယ်မြေတွေမှာ မိတ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီး မိုင်းကွင်းတွေနဲ့ ကာထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင်ပကဖ တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ဘက်မှ အထိခိုက်မရှိဘဲ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂ ရက်ကလည်း ချောင်းဦးမြို့အဝင်၊ မုံရွာ-မန္တလေးလမ်းနဲ့ ပခုက္ကူလမ်းဆုံက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လို့ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ