Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-ဇလွန် အဝေးပြေးလမ်းဘေးမှာစွန့်ပစ်ခံရတဲ့ ရုပ်အလောင်းတွေ့

ရန်ကုန်-ဇလွန် အဝေးပြေးလမ်းရဲ့ ဓနုဖြူနဲ့ ဇလွန်မြို့ကြားမှာ သေဆုံးနေတဲ့ လူတစ်ဦးရဲ့ ရုပ်အလောင်း စွန့်ပစ်ခံလိုက်ရတဲ့ ဖြစ်စဉ် နိုဝင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်-ဇလွန်လမ်းပိုင်းတနေရာ။ ဓါတ်ပုံ-CJ

နိုဝင်ဘာ-၇၊ ၂၀၂၅။ မိထက်/People’s Spring

ရန်ကုန်-ဇလွန် အဝေးပြေးလမ်းရဲ့ ဓနုဖြူနဲ့ ဇလွန်မြို့ကြားမှာ သေဆုံးနေတဲ့ လူတစ်ဦးရဲ့ ရုပ်အလောင်း စွန့်ပစ်ခံလိုက်ရတဲ့ ဖြစ်စဉ် နိုဝင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ဓနုဖြူနဲ့ ဇလွန်မြို့ကြား၊ ဓနုဖြူမြို့အဝင်နားမှာ နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်းက ပိုင်ရှင်မဲ့ရုပ်အလောင်း တွေ့ခဲ့ရတာဖြစ်ပါတယ်။

“ မနက်စောစောမှာ ခရီးသွားတယောက်လား ဈေးသည်လားမသိပါဘူးဗျာ။ ကားက တိုက်ပြီး သေဆုံးလို့ ထားခဲ့တာလား။ ဘယ်ကနေလာပစ်တာလဲဆိုတာလည်းမသိရဘူး။ ဒါမျိုးအရင်ကမဖြစ်ခဲ့ဖူးဘူး” လို့ ဓနုဖြူမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်အလောင်းကို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ ပျူစောထီးတွေက လာရောက်သယ်ဆောင်သွားပြီး ဒီသတင်းကို ဖုံးဖိထားဖို့ ဖိအားပေးသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးသူဟာ အမျိုးသားတစ်ဦးဖြစ်ကြောင်း ဒေသခံတွေက ပြောပြီး အသိစိတ်အချက်အ လက်တွေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

“ အရင်ကမကြားဖူးတာတွေကြားနေရတာ။ အခုအမှုလည်း မပေါ်သလို ဘာဆက်ဖြစ်မှန်းတောင်မသိရဘူး။ လူမှုရေးအဖွဲ့အစည်းတွေကလည်း စစ်တပ်ခိုင်းတာလုပ်ရတာ။ သတင်းထွက်သွားရင် မလွယ်ဘူးလို့ စခန်းမှူးကလည်း ခြိမ်းခြောက်ထားတယ်” လို့ ဓနုဖြူမြို့က နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။

ရန်ကုန်-ဇလွန် အဝေးပြေးလမ်းဟာ မိုင် ၉၀နီးပါးရှည်လျားပြီး ဇလွန်မြို့က‌တဆင့် ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ ပြည်မြို့အထိ သွားရောက်နိုင်ပါတယ်။ ရန်ကုန်-ဇလွန် အဝေးပြေးလမ်းတလျှောက်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေအထိုင်ချထားတဲ့ ဂိတ်လေးခုရှိပြီး ခရီးသွားတွေကိုစစ်ဆေးတာတွေ၊ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်တွေဟာ အရင်က မရှိခဲ့ဘဲ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖွင့်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ