Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ တော်လှန်ရေးတပ်ကင်းစခန်းတခု စီးနင်းခံရပြီး ရဲဘော် ၇ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ကင်းစခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော် ၇ဦးသတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

ကျဆုံးရဲဘော် ၇ ဦး၏ ရုပ်အလောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့

နိုဝင်ဘာ-၇၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ကင်းစခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော် ၇ ဦးသတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ ၆ရက် မနက်ပိုင်းမှာ ရွှေဘိုမြို့နယ် တနေရာရှိ နယ်မြေခံကင်းစခန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီနောက် စခန်းရှိရဲဘော် ၇ ဦးအား အရှင်ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

“စစ်ကြောင်းကနေ ဆက်တက်ပြီးမှ ပြန်‌ဝင်တာဆိုတော့ ကင်းလောက်ပဲ ရှိခဲ့ပုံရတယ်။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လုံခြုံရေးအခြေအနေအရ စီးနင်းခံရတဲ့စခန်းတည်နေရာနဲ့ ကျဆုံးရဲဘော်တွေဟာ ဘယ်အဖွဲ့ကဆိုတာ မသိရသေးပါဘူး။ အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေဘိုပကဖအဖွဲ့ထံ ဆက်သွယ်​မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ရွှေဘိုမြို့နယ်အတွင်း ရွှေဘို-မန္တလေးလမ်းပိုင်းမှာတော့ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွားဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ