နိုဝင်ဘာ-၇၊ ၂၀၂၅။မေရီ/People’s Spring
နိုင်ငံကျော် သဘင်ဂီတအနုပညာရှင်ကြီး မလှိုင်သန်းသန်းမြင့် ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။
မြန်မာ့ဇာတ်သဘင်သမိုင်းမှာ ထင်ရှားကျော်ကြားခဲ့ပြီး ကက်ဆက်ခွေတွေသွင်းရတဲ့အထိ အောင်မြင်ခဲ့တဲ့ နိုင်ငံကျော် သဘင်ဂီတအနုပညာရှင်ကြီး မလှိုင်သန်းသန်းမြင့်ဟာ မနေ့က နိုဝင်ဘာ ၆ ရက်မှာကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။
မလှိုင်သန်းသန်းမြင့်ဟာ ကွယ်လွန်ချိန်မှာ အသက်(၇၈)နှစ် ရှိပြီဖြစ်ပါတယ်။

Public Service Announcement
မလှိုင်သန်းသန်းမြင့်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ အောင်မြင်ထင်ရှားခဲ့ပြီး ဂန္ထဝင်ဇာတ်တော်ကြီးများနဲ့ နောက်ပိုင်းဇာတ်ထုပ်ပေါင်းများစွာ ကပြခဲ့သူဖြစ်ကြောင်း ဇာတ်သဘင်အားပေးသူတွေက ပြောပါတယ်။
ဇာတ်မင်းသား စိန်မာဒင်နဲ့အတူ တွဲဖက်ကပြခဲ့တဲ့ “ဖိုးထောင် ၀ါနု ရွှေမင်းသား”နောက်ပိုင်းဇာတ်ထုပ်ဟာ တိုင်းကျော်ပြည်ကျော် အောင်မြင်ခဲ့ကြောင်း ဇာတ်သဘင်တခေတ်သိမှီလိုက်သူတွေက ပြောပါတယ်။
ဒါ့အပြင် သူမရဲ့ အမေရေရင် နောက်ပိုင်းဇာတ်ထုပ်ကလည်း လူကြိုက်များကြောင်း သဘင်ဝါသနာအိုးတွေက ပြောပါတယ်။
” ရှင်နည်းရတဲ့အထဲ အဂ္ဂ ကလည်းလူထွက်သွားတယ် ဆိုသလိုပါပဲ။ ဝမ်းနည်းကြေကွဲ နှမြေတသဖြစ်ရပါတယ်။”လို့ ဇာတ်သဘင်ဝါသနာအိုးတစ်ဦးက မှတ်ချက်ပြုပါတယ်။
ကက်ဆက်ဇာတ်လမ်းတခေတ်မှာ ဇာတ်ထုပ်တွေကိုလည်း အသံသွင်းကာ ထုတ်ဝေခဲ့ဖူးပြီး အားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဧယဥ်ကျူးမင်းသမီးကြီးအဖြစ်နဲ့လည်း လူသိများခဲ့ပါတယ်။
မလှိုင်သန်းသန်းမြင့်ရဲ့နာရေးကို နိုဝင်ဘာ ၈ ရက် နေ့လယ် ၂ နာရီမှာ ရန်ကုန်မြို့က ကျီစုသုဿန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။




















































