နိုဝင်ဘာ ၇၊ ၂၀၂၅။ဇေအောင်/People’s Spring
ရတနာပုံတံတားကို အကြီးစားပြင်ဆင်မှုတွေလုပ်မယ်ဆိုပြီး စစ်ကောင်စီက ဒီကနေ့(နိဝင်ဘာ ၇ရက်) ညကစပြီး ၃ ရက်တာ ည ၈ နာရီစပိတ်မယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၇ ရက်ကနေစပြီး ညပိုင်းတွေမှာ ရတနာပုံတံတားကို အကြီးစားပြင်ဆင်မှုတွေ လုပ်မယ်လို့ စစ်ကောင်စီရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။ ဒါကြောင့် ဒီကနေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ ည ၈ နာရီကစပြီး တံတားစောပိတ်မယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ မနက်ပိုင်းကတော့ ပုံမှန်အတိုင်းပဲလို့ ပြောတယ်။” လို့ နီးစပ်သူတဦးက ပြောပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရတနာပုံတံတားအဆင်း စစ်ကိုင်းဘက်ခြမ်းမှာ ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ယခင်ကလည်း ရတနာပုံတံတား ရက်အတန်ကြာပိတ်မယ်လို့ သတင်းတွေထွက်ခဲ့ဖူးပေမဲ့ ယခုမှ စတင်ယာယီပိတ်ပြီး ပြုပြင်မယ်လို့ သိရပါတယ်။
နေ့ခင်းပိုင်းမှာတော့ စစ်ကောင်စီက ရတနာပုံတံတားမှာ ပေါ်တာဆွဲဖမ်းဆီးနေလို့ လူသွားလူလာနည်းပါးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရတနာပုံတံတားဟာ ဧရာဝတီမြစ်ကူးတံတားဖြစ်ပြီး မန္တလေးနဲ့ စစ်ကိုင်း ကိုဆက်သွယ်ထားတာဖြစ်ပါတယ်။
















































