Connect with us

Hi, what are you looking for?

သတင်း

တရုတ်ဖိုက်တာကို အမှတ်နဲ့အနိုင်ရပြီး One Championship မှာ ဘရော်နီကာ နှစ်ပွဲဆက်နို​င်

ဒီနေ့ညမှာ ယှဥ်ပြိုင်ထိုးသတ်တဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ်ဘရော်နီကာက တရုတ်ဖိုက်တာ လီမင်ဂူရီကို အမှတ်နဲ့ အနိုင်ရပြီး Oneမှာ နှစ်ပွဲဆက် နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာ-၇၊၂၀၂၅။ သုည/People’s Spring

ဒီနေ့ညမှာ ယှဥ်ပြိုင်ထိုးသတ်တဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ်ဘရော်နီကာက တရုတ်ဖိုက်တာ လီမင်ဂူရီကို အမှတ်နဲ့ အနိုင်ရပြီး Oneမှာ နှစ်ပွဲဆက် နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ ပထမအချီမှာ တရုတ်ဖိုက်တာ လီက လက်သီးတွဲလုံးတွေနဲ့ ဘရော်နီကာကို ထိုးသတ်နိုင်ခဲ့သလို ဘရော်နီကာကလည်း ထောက်လက်သီးတွေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

ဒုတိယနဲ့ တတိယအချီတွေမှာတော့ ဘရော်နီကာ အမြင့်ကန်ချက်တွေ၊ တံတောင်ရိုက်ချက်တွေနဲ့ လီ ကို ဖိအားပေး ထိုးသတ်နိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပွဲအပြီးမှာတော့ ဒိုင် ၂ ဦးက ဘရော်နီကာကို အမှတ်နဲ့ အနိုင်ဆုံးဖြတ်ပေးခဲ့တာကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် One Championship မှာ ၂ ပွဲဆက် နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ Thai Fight မွေထိုင်းပြိုင်ပွဲ ၁၉ ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ နှစ်ပွဲသာ ရှုံးနိမ့်ပြီး ၁၇ ပွဲ နိုင်ပွဲရရှိထားသူ ဖြစ်ကာ One Championship ပြိုင်ပွဲမှာလည်း ၃ ပွဲထိုး ၂ ပွဲနိုင် တစ်ပွဲရှုံးနိမ့်ထားပါတယ်။

ဒီနေ့ည ကျင်းပတဲ့ One Friday Fight 132 ရဲ့ ပွဲစဥ်တွေမှာ မြန်မာဖိုက်တာ ဘရော်နီကာ၊ စိုးနောင်ဦးနဲ့ သန့်ဇင်တို့ ပါဝင်ထိုးသတ်ခဲ့ပြီး ဘရော်နီကာနဲ့ စိုးနောင်ဦးတို့ အသီးသီး အနိုင်ရရှိခဲ့ကာ သန့်ဇင်ကတော့ ရှုံးပွဲကြုံတွေခဲ့ရပါတယ်။

ဆက်စပ်သတင်းများ