နိုဝင်ဘာ-၈၊၂၀၂၅။မိထက်/People’s Spring
စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကို နိုဝင်ဘာလ၇ ရက် နေ့ခင်းပိုင်းက လေကြောင်းနဲ့လက်နက်ကြီးသုံးပြီးပစ်ခတ်ခဲ့တဲ့အပြင် ညပိုင်းမှာ မင်းပြားမြို့ ကိုဗုံးထပ်ကြဲလို့ ဒေသခံပြည်သူတွေထိခိုက် သေဆုံးမှုတွေရှိနေပါတယ်။

မင်းပြားမြို့၊မြို့သစ်ရပ်ကွက်က၊မိုးထိအောင်ဘော်ဒါဆောင်ကို ည ၈နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အရပ်သား ၃ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားတယ်လို့ ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
ထိခိုက်သူတွေ၊ သေဆုံးသူတွေနဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးဘဲ အရေးပေါ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။

Public Service Announcement
စစ်အုပ်စုက နိုဝင်ဘာ ၇ ရက်နေ့ နေ့ခင်းပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာကို စစ်တွေအခြေစိုက် အမှတ် ၃၄၄ ခြေမြန်တပ်ရင်း( ခမရ ၃၄၄ )ကနေလက်နက်ကြီး ပစ်ခတ်ခဲ့သလို အောင်ဖြူပြင်ကျေးရွာကိုလည်း ဒရုန်းနဲ့ ဗုံးကြဲလို့အရပ်သား ၂ဦးဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အမျိုးသမီး၄ ဦးအပါအဝင် ၅ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ သေဆုံးသူ ၅ ဦးထဲမှာ ၂ ဦးက ကလေးငယ်တွေဖြစ်ပါတယ်။
AAထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်တပ်က အောက်တိုဘာလ၃၁ရက်နေ့မှာ စစ်အုပ်ချုပ်ရေးထပ် ကြေညာပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လာတာဖြစ်ပါတယ်။။ အောက်တိုဘာလ ၃၀ ရက်နဲ့ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ထဲတစ်နေရာနဲ့ ပန်းနီလာကျေးရွာကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ စစ်ဘေးရှောင်ပြည်သူ ၅ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။
















































