Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့အနီးမှာ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ ဗိုလ်အပါအဝင် နှစ်ဦးသေဆုံးတယ်လို့ မြို့နယ်ပကဖပြော

မကွေးတိုင်း၊ ရေစကြိုမြို့အနီးမှာ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူအပါအဝင် နှစ်ဦးသေဆုံးတယ်လို့ ရေစကြိုမြို့နယ်ပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ရေစကြိုမြို့နယ်ပကဖမှ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ရေစကြို ပကဖ

နိုဝင်ဘာ-၈၊၂၀၂၅။မိုမို /People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့အနီးမှာ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူအပါအဝင် နှစ်ဦးသေဆုံးတယ်လို့ ရေစကြိုမြို့နယ်ပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ရေစကြိုမြို့အခြေစိုက် ခလရ(၂၅၆၊၂၅၇)နဲ့ (၂၅၈)တပ်ရင်းတွေကနေ စုပေါင်းထွက်လာတဲ့ အင်အား ၅၀ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို မနေ့က(နိုဝင်ဘာ ၇ ရက်)နေ့လယ် ၂ နာရီလောက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရေစကြိုမြို့နဲ့ တမာတန်းလမ်းကြား အဲဒီကြားမှာ လမ်းကင်းယူနေကြတာပေါ့။အဲဒီမှာ ပေကုန်းရွာဆိုတာ ရှိတယ်။ကားလမ်းဘေးပဲ။ရေတံခါးရှိတယ်။အဲဒီနားမှာ ၁၀ယောက်လောက် က ကျွန်တော်တို့ မိုင်းပွိုင့်ပေါ်တည့်တည့်ရပ်ခဲ့တယ်”လို့ အထက်ပါတာဝန်ရှိသူက တိုက်ခိုက်မှုအပေါ်ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ပေကုန်းရွာနဲ့ ရေစကြိုမြို့ပေါ်က (၁)မိုင်ဝန်းကျင် သာကွာဝေးတယ်လို့ ၎င်းက ပြောပါတယ်။မိုင်းဆွဲမှုကြောင့် ဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးတာနဲ့ပတ်သက်လို့ ဒေသခံနဲ့ တပ်တွင်းသတင်းရင်းမြစ်တွေကို လူထုနွေဦးက သီးခြားအတည်ပြုနေဆဲ ဖြစ်ပါတယ်။

မိုင်းဆွဲခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က ပတ်ဝန်းကျင်ကို လက်နက် ကြီး၊လက်နက်ငယ် တွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူနှစ်ဦး ဒဏ်ရာရကာ နေအိမ်(၃)လုံး မီးရှို့ဖျက်စီးခံခဲ့ရတယ်လို့ သိရပါတယ်။

“ရှင်မတောင် မှာတပ်စွဲထားတဲ့ စစ်ကောင်စီတွေ တပ်ချိန်း တပ်ပြောင်းတာရှိတယ်။အဲဒါ ၂၅၈ တပ်အထိုင်နဲ့ သိပ်မဝေးဘူး။တိုက်ပွဲကတော့ လောလောဆယ်ငြိမ်နေတယ်”လို့ ရေစကြိုမြို့နယ်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ အရေးပေါ်အဖြစ်ကြေညာထားတဲ့ ၆၃ မြို့နယ်မှာ မကွေးတိုင်းထဲက ထီးလင်း၊ပေါက်၊မြိုင်၊ဆောနဲ့ ရေစကြိုမြို့နယ်တွေ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ