Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဆည်တော်ကြီးတမံသိမ်းပြီးနောက် ရေပေးဝေမှုပိတ်

မန်တလေးတိုင်း၊ မတ္တရာမြို့နယ်က ဆည်တော်ကြီးရေလှောင်တမံကို သိမ်းယူလိုက်တဲ့ စစ်တပ်က မတ္တရာမြို့နယ် မြောက်ဘက်ခြမ်း စစ်ကြောင်းထိုးဖို့အတွက် ဆည်ကနေရေလွှတ်ပေးဝေနေတာကို ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်က ဆည်တော်ကြီးရေလှောင်တမံကို တွေ့ရစဉ်။ ဓာတ်ပုံ - MDY PDF

နိုဝင်ဘာ-၈၊၂၀၂၅၊မေ/ People’s Spring

မန်တလေးတိုင်း၊ မတ္တရာမြို့နယ်က ဆည်တော်ကြီးရေလှောင်တမံကို သိမ်းယူလိုက်တဲ့ စစ်တပ်က မတ္တရာမြို့နယ် မြောက်ဘက်ခြမ်း စစ်ကြောင်းထိုးဖို့အတွက် ဆည်ကနေရေလွှတ်ပေးဝေနေတာကို ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က နိုဝင်ဘာ၆ ရက်မှာ ဆည်တော်ကြီး ရေလှောင်တမံနဲ့ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်တွေကို သိမ်းယူလိုက်ပြီး ဆည်တော်ကြီးရေလှောင်တမံကနေ တံငါသည်ချောင်း ရေလွှတ်ပေးနေတာကို ပိတ်လိုက်တယ်လို့ သိရပါတယ်။

“ ဆည်တော်ကြီးမှ တံငါရွာဘက်ကိုလွှတ်တဲ့ရေချောင်းကို စကစဘက်မှ အလွယ်တကူ ကူးလို့ရအောင်ချောင်းကိုရေတွေအကုန် ပိတ်ချလိုက်ပြီ” လို့ မတ္တရာဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ စစ်‌တပ်က ချောင်းရဲ့ မြောက်ဘက်က တံငါသည်မြောက်ရွာမှာ တပ်စွဲထားတယ်လို့သိရပါတယ်။

ဒါ့အပြင် တံငါသည်မြောက်ရွာရဲ့ အနောက်မြောက်ဘက်က စကျင်ကျောက်ထွက်တဲ့ စကျင်ရွာလမ်းဆုံကိုလည်း ဆက်ထိုးဖို့ပြင်နေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းတွေကြောင့် မတ္တရာမြို့နယ်က ဒေသခံပြည်သူသိန်းနဲ့ချီစစ်ရှောင်နေကြပြီး စစ်တပ်က စစ်ရှောင်စခန်းတွေကိုလည်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ် နေတယ်လို့ သိရပါတယ်။

မိုးကုတ်- မတ္တရာလမ်းပေါ်က တံငါသည်တောင်ရွာနဲ့ တံငါသည် မြောက်ရွာကို ဆက်သွယ်ထားတဲ့ ကျောက်စရစ်တံတား အောက်တိုဘာ ၃၀ရက်ကဗုံးကွဲပျက်စီးပြီးနောက် စစ်တပ်က မော်တော်ငယ်တွေ နဲ့ တံငါသည် ချောင်းကိုဖြတ်ကူးပြီး မတ္တရာမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။

မော်တော်ငယ်တွေနဲ့ ချောင်းဖြတ်ကူးစဉ် တော်လှန်ရေးတပ်တွေက ပစ်ခတ်ခဲ့တာကြောင့် မော်တော်တစီးနစ်မြှုပ်ကာ သေဆုံးမှုများခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ