Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုကအတင်းအကျပ်​ခေါ်ယူဖိအား​ပေးပြီး​နောက် ဖွေးဖွေးခံဝန်ထိုးကာ ရွေး​ကောက်ပွဲဝါဒဖြန့်ကမ်ပိန်းရိုက်ကူး​ပေးရ

စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့် ကမ်ပိန်းအတွက်မပါဝင်တဲ့ အကြောင်းပြချက်နဲ့ ပြင်ဦးလွင်မှာ ရုပ်ရှင်ရိုက်နေတဲ့ ဖွေးဖွေးကို ရန်ကုန်အထိ အတင်းအကျပ်ပြန်ခေါ်ပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ အနုပညာလောကသားကအချို့ကပြောပါတယ်။

နိုဝင်ဘာ-၈၊၂၀၂၅။တေဇ/People’s Spring

စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့် ကမ်ပိန်းအတွက်မပါဝင်တဲ့ အကြောင်းပြချက်နဲ့ ပြင်ဦးလွင်မှာ ရုပ်ရှင်ရိုက်နေတဲ့ ဖွေးဖွေးကို ရန်ကုန်အထိ အတင်းအကျပ်ပြန်ခေါ်ပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ အနုပညာလောကသားကအချို့ကပြောပါတယ်။

သရုပ်ဆောင်ဖွေးဖွေးက စစ်အုပ်စုရွေးကောက်ပွဲ ကမ်ပိန်းအတွက် ဆက်သွယ်ချိန်မှာ ဖုန်းမကိုင် ၊ အကြောင်းမပြန်တာကြောင့်​ရဲတပ်ဖွဲ့ဝင်တွေက ရိုက်ကွင်းအထိသွားရောက် အတင်းအကျပ်ခေါ်ယူခဲ့တယ်လို့သူတို့က​ပြောပါတယ်။ ရန်ကုန်အထိခေါ်ပြီး ကမ်ပိန်းအတွက် ရိုက်ကူးပေးဖို့ ဖိအားပေးခဲ့တာလို့ သိရပါတယ်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရန်​တွေက နိုဝင်ဘာ ၆ ရက်မှာ ​ဖွေး​ဖွေးအဖမ်းခံရတယ်လို့ သတင်း​တွေထွက်​ပေါ်လာတဲ့အခါ ဖမ်းဆီးတာမဟုတ်ပဲ ​ခေါ်ယူ​ဆွေး​နွေးညှိနှိုင်းတာလို့ ဝါဒဖြန့်ခဲ့ကြပါတယ် ။ ဒါ​ပေမယ့်လက်​တွေ့မှာ ညှိနှိုင်း​ဆွေး​နွေးတာမျိုးမဟုတ်ပဲ အင်မတန်ပြင်းထန်တဲ့ ဖိအားပေးမှုမျိုးလုပ်တာလို့ အနူပညာ​လောကသားအချို့က ပြောပါတယ် ။

Public Service Announcement

Public Service Announcement

အဲဒါကြောင့် ဖွေးဖွေးက နိုဝင်ဘာ ၇ ရက်မှာစစ်တပ်အတွက် ရွေးကောက်ပွဲကမ်ပိန်းကိုရိုက်ကူးပေးခဲ့ရတယ်လို့ အနုပညာသားအချို့က​ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်​​နေ့ကရိုက်ကူးတဲ့စစ်တပ်​ရွေး​ကောက်ပွဲအတွက်ဝါဒဖြန့်ကန်ပိန်းကို ဝတ်မှုန်ရွှေရည် ၊ ထွန်းအိန္ဒြာဗို ၊ ခိုင်သင်းကြည် ၊ တိုင်ရွန် ၊ ထူးအောင်တို့လည်းပါဝင်တယ်လို့လည်းစုံစမ်းသိရပါတယ်။

စစ်အုပ်စုက အနုပညာရှင်တွေကို ရွေးကောက်ပွဲ ဝါဒဖြန့် ကမ်ပိန်းတွေမှာနိုဝင်ဘာ ၅ ရက်နောက်ဆုံးထားပါဝင်ဖို့ ညွှန်ကြားထားပြီး လူသိများတဲ့ အနုပညာရှင်တွေထဲက အလင်းရောင် နဲ့ ဖွေးဖွေးက နိုဝင်ဘာ ၅ ရက် ညနေအထိ ဆက်သွယ်မရဘူးလို့ စစ်တပ်အမာခံထောက်ခံတဲ့ကျော်မျိုးမင်းက လည်းပြောခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၆ ဖမ်းဆီးမှူတွေဖြစ်လာခဲ့တာပါ။ အလင်းရောင်လည်း ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းထွက်ပေါ်ခဲ့ပေမယ့် လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

စစ်အုပ်စုက သူတို့စိတ်တိုင်းကျလုပ်ဖို့ပြင်နေတဲ့ရွေးကောက်ပွဲ အတွက အနုပညာလောက က နာမည်ကြီးသရုပ်ဆောင်တွေကိုသုံးထားတဲ့ ဝါဒဖြန့်ဇာတ်ကား ကို အောက်တိုဘာ နောက်ဆုံးပတ်မှာ ထုတ်လွှင့်ခဲ့ပေမယ့် ပြည်သူတွေဘက်က အနုပညာရှင်တွေကို ဝေဖန်ပြစ်တင်မှုတွေနဲ့အတူသပိတ်မှောက်တာ( Boycott)နဲ့ လူမှုရေးပြစ်ဒဏ်ခတ်တာ( Social Punishment )တွေလုပ်လာကြပါတယ်။

ဒါကြောင့် စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ မှာ အနုပညာရှင်အားလုံးကို အရေးပေါ် အစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲ ကမ်ပိန်းအတွက်မဖြစ်မနေပါဝင်ပေးဖို့ နဲ့ မပါဝင်ရင်အရေးယူမယ့်အကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

စစ်အုပ်စုကသူတို့ရဲ့ဝါဒဖြန့်ဇာတ်ကားကိုဝေဖန်လို့ ၊ ဝေဖန်တဲ့ အကြောင်းအရာတွေကို ထောက်ခံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့လည်းစစ်တပ်က ဒါရိုက်တာ သုံးဦးနဲ့ သရုပ်ဆောင်နှစ်ဦးကို မတရားဖမ်းဆီးထားပါသေးတယ်။

အကျဥ်းကျရာကနေပြန်လွတ်လာပြီး ဇာတ်ကားတွေမရိုက်တော့တဲ့အနုပညာရှင်တွေအပါအဝင် အနုပညာရှင်တွေ အားလုံးကို စစ်တပ်က ဝါဒဖြန့်ဖို့ရိုက်ကူးမပေးရင် အရေးယူမယ်လို့ခြိမ်းခြောက်ပြီးနောက်မှာဒါရိုက်တာ ဝိုင်း ၊မီးပွား ၊ဝင်းလွင်ထက် ၊သြရသ ၊ အိန္ဒြာကျော်ဇင် ၊ပြေတီဦးစတဲ့ နမည်ကြီးအနုပညာရှင်တွေပါ ရိုက်ကူးပေးနေရတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ