Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တက်မယ့်လူငယ်တွေ ကန့်ဘလူဂိတ်မှာ ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ ခရီးသွားတွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေပြီး ကချင်ပြည်နယ်၊ ဖားကန့်ဒေသတက်မယ့်လူငယ်တွေ အဖမ်းခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ-၉၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ ခရီးသွားတွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေပြီး ကချင်ပြည်နယ်၊ ဖားကန့်ဒေသတက်မယ့်လူငယ်တွေ အဖမ်းခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ ၃ရက်က ဆားလင်းကြီးမြို့နယ်ကနေ မြစ်ကြီးနားဘက်ကိုထွက်လာတဲ့ ကား ၂စီးကို ကန့်ဘလူမြိုနယ်က ရွှေဘို – မြစ်ကြီးနားဗျူဟာလမ်းပေါ်ရှိ ဇီးကုန်း – မလယ်လမ်းဆုံက စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက ကားပေါ်ပါ လူငယ် ၁၃ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း(၄)က အသိပေးပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေထဲမှာ ဖားကန့်ဒေသတက် ကြမယ့်လူငယ်တွေလည်း ပါဝင်ကြောင်း၊ ဖမ်းဆီးလိုက်တဲ့လူငယ်တွေကို တကရ(၆၀၀၆) တပ်ရင်း ပို့ဆောင်လိုက်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

“ခင်ဦးကနေစပြီး ကန့်ဘလူ နယ်အဆုံးထိ ပျု စကစ ဂိတ်ပေါင်း ၉ဂိတ်လောက် ရှိတယ်။ ခု ရာသီက အညာကလူတွေက အထက် ကို အလုပ်သွားကြချိန် ဖြစ်နေတာ။ မြစ်ကြီးနား၊ဖားကန့် တက်ကြတာပေါ့။ ဟိုကောင်တွေက ပေါ်တာ ပိတ်ဆွဲနေတာ။”လို့ တော်လှန်ရေးလုပ်ကိုင်နေသူတဦးက ပြောပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်က စစ်ကောင်စီတပ်တွေဟာ ခရီးသွားပြည်သူတွေဆီကနေ အတင်းအဓမ္မငွေကြေးကောက်ခံတာ၊ အမျိုးသမီးတွေကို အတင်းအဓမ္မပြုကျင့်တာ၊ သတ်ဖြတ်ညှင်းပန်းတာတွေ မကြာခဏပြုလုပ်နေလို့ ပြည်သူတွေ ဂရုစိုက်သွားလာကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ