Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်၊ ပဲခူးနဲ့ မွန်က ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - အထူးတိုင်းစစ်ဌာန

နိုဝင်ဘာ-၁၀၊ ၂၀၂၅/People’s Spring

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီကနေ့(နိုဝင်ဘာ ၁၀ရက်) မနက်မှာ ပဲခခူးတိုင်း ရှေ့တန်းစခန်းတစ်ခုမှာ လက်နက်တွေတပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။

အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားနဲ့ ဒု-ကွပ်ကဲရေးမှူး ရဲဘော်အေးမင်းထွန်းတို့တက်ရောက် အမှာစကားပြောကြားပြီး တိုင်းစစ်ဌာနအရာရှိတွေ၊ နည်းဗျူဟာမှူးတွေက PDF၊ ပကဖ ပူးပေါင်းစစ်ဆင်ရေးကိစ္စတွေ၊ သတင်းထောက်လှမ်းရေး ၊ ထောက်ပို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အထူးတိုင်းစစ်ဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ တိုင်းစစ်ဌာနကွပ်ကဲမှူအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတွေ၊ လက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ၊ ဒေသအခြေပြုကာကွယ်ရေးအဖွဲ့(LDFs)တွေကို စစ်ဆင်ရေးအရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့ကိစ္စတွေဖြည့်ဆည်းရေးနဲ့ COC နှစ်ရပ်နဲ့အညီ အင်အားစုစည်းတည်ဆောက်ရေး ကြိုးပမ်း ဆောင်ရွက်လျှက်ရှိတယ်လို့လည်း ထပ်မံ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။