Connect with us

Hi, what are you looking for?

သတင်း

သူတောင်းစားရွေးကောက်ပွဲကို ကြည့်ခွင့်ရမယ့် “ ထိန်းမယ် သိမ်းမယ် ဘလိန်းမယ်” ကမ်ပိန်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သရော်ထားတဲ့ သူတောင်းစားရွေးကောက်ပွဲ ရုပ်ရှင်ကြည့်ခွင့်နဲ့အတူ တော်လှန်ရေးအတွက်ထောက်ပံ့ပေးနိုင်မယ့် “ ထိန်းမယ် သိမ်းမယ် ဘလိန်းမယ်” ကမ်ပိန်း ပြုလုပ်မယ့်အကြောင်း တော်လှန်အနုပညာရှင် စိန်သီးက အသိပေးထားပါတယ်။

နိုဝင်ဘာ-၁၁၊၂၀၂၅။ဆဏ်း/People’s Spring

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သရော်ထားတဲ့ သူတောင်းစားရွေးကောက်ပွဲ ရုပ်ရှင်ကြည့်ခွင့်နဲ့အတူ တော်လှန်ရေးအတွက်ထောက်ပံ့ပေးနိုင်မယ့် “ ထိန်းမယ် သိမ်းမယ် ဘလိန်းမယ်” ကမ်ပိန်း ပြုလုပ်မယ့်အကြောင်း တော်လှန်အနုပညာရှင် စိန်သီးက အသိပေးထားပါတယ်။

“ ထိန်းမယ် သိမ်းမယ် ဘလိန်းမယ်” ကမ်ပိန်း ကို နိုဝင်ဘာ ၈ ကနေ ၂၁ ရက်အထိပြုလုပ်မှာဖြစ်ပြီး လက်မှတ်တစ်စောင်ကို ငွေကျပ် တစ်သောင်းခွဲ သတ်မှတ်ထားပါတယ်။

လက်မှတ်တစ်စောင်ဝယ်ယူသူတွေက ကံစမ်းမဲမဲလက်မှတ်တစ်စောင်ပဲရရှိ‌ပေမယ့် နှစ်စောင်ဝယ်ယူရင်တော့ မဲလက်မှတ်နှစ်စောင်နဲ့ ရုပ်ရှင်ကြည့်လက်မှတ်ပါရရှိမယ်လို့ အသိပေးထားတာပါ။

Public Service Announcement

Public Service Announcement

“ သူတောင်းစားရွေးကောက်ပွဲ ရုပ်ရှင်ဟာ မကြာခင်မှာ ကျင်းပတော့မယ့် စကစရဲ့ မဲလိမ်မဲခိုး ရွေးကောက်ပွဲကို သရော်ထားတဲ့ တော်လှန်ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ” လို့ ဇာတ်ကားအကြောင်းအရာနဲ့ပတ်သက်ပြီး စိန်သီးကပြောထားပါတယ်။

ဒီဇာတ်ကားမှာ စိန်သီးနဲ့အတူ ဘုန်းဆက်သွင်၊ ဆည်းဆာနဲ့ ပေါ်လွင်တို့ ပါဝင်ထားပြီး စစ်ကောင်စီရဲ့ မဲလိမ် မဲခိုးမှုတွေကို ဘယ်လိုသရော်ထားလဲ ကြည့်ရှူကြဖို့ ဖိတ်ခေါ်ထားပါတယ်။

မဲလက်မှတ်တွေကို သက်ဆိုင်ရာ နိုင်ငံအလိုက်ဈေးနှုန်းတွေနဲ့ KTJ Supporting Group ပေ့ခ်ျရဲ့ Messenger ကနေဆက်သွယ်ဝယ်ယူနိုင်တယ်လို့ အသိပေးထားပါတယ်။

မျှော်မှန်းTarget အနေနဲ့ သိန်းတစ်ထောင် ရည်မှန်းထားပြီး ကမ်ပိန်းအမည်အတိုင်း ရရှိလာတဲ့ငွေတွေကို ရန်ကုန် UG တွေ ၊ မြို့သိမ်းတိုက်ပွဲဆင်နွဲရင်လိုအပ်မယ့် အရာတွေကို ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

ကံစမ်းမဲအနေနဲ့ကတော့ iPhone 17 Pro Max ၊ ရွှေတစ်မတ်သား နဲ့ 21-CM Watch မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

သူတောင်းစားရွေးကောက်ပွဲ ဇာတ်ကား နဲ့ ကံ+ကန် ဇာတ်ကား နှစ်ကားကိုတော့ အမေရိကန် ၊ ဂျပန် ၊ကိုရီးယား နဲ့ ကနေဒါ နိုင်ငံတွေမှာ ပြသသွားဖို့ ရှိတယ်လို့ စိန်သီးက အသိပေးထားပါတယ်။

ဒီဇင်ဘာ ၂၀ ရက်မှ အမေရိကန်နိုင်ငံ မေရီလန်းမြို့မှာ ပထမဆုံးပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

စိန်သီး ၊ ဆည်းဆာ နဲ့ ပေါ်လွင်တို့ သုံးဦးက အဘနှင့် သူ၏တပည့် အစီအစဉ်ကို စိန်သီးရဲ့ ယူကျူ့ချန်နယ်ကနေ နေ့စဉ်ထုတ်လွှင့်ပေးနေပါတယ်။

ဆက်စပ်သတင်းများ