Connect with us

Hi, what are you looking for?

သတင်း

ပထမဆုံးလုပ်တဲ့ ကလေးမြို့လူထုတိုက်ပွဲညီလာခံမှ သ​ဘောတူညီချက်​ ၅ ချက်ထုတ်ပြန်

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာ ပထမအကြိမ်လူထုတိုက်ပွဲညီလာခံကို အောက်တိုဘာ ၁၁လွတ်မြောက်နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့ပြီး စစ်တပ်​ရွေး​ကောက်ပွဲဟာနိုင်ငံ​ရေး​ထောင်​ချောက်ဖြစ်​ကြောင်းအပါအဝင်အချက် ၅ ချက်ကို ချမှတ်ခဲ့ပါတယ်။

နိုဝင်ဘာ-၁၁၊၂၀၂၅။သုည/People’s Spring

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာ ပထမအကြိမ်လူထုတိုက်ပွဲညီလာခံကို အောက်တိုဘာ ၁၁လွတ်မြောက်နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့ပြီး စစ်တပ်​ရွေး​ကောက်ပွဲဟာနိုင်ငံ​ရေး​ထောင်​ချောက်ဖြစ်​ကြောင်းအပါအဝင်အချက် ၅ ချက်ကို ချမှတ်ခဲ့ပါတယ်။

အဆိုပါညီလာခံကို ကလေးဒေသအတွင်းရှိ ရပ်ရွာအသီးသီးမှ ဒေသခံကိုယ်စားလှယ် စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ပြီး ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဖွဲ့စည်းပုံနဲ့ နိုင်ငံရေးရပ်တည်ချက်တို့ကို ချမှတ်ခဲ့တယ်လို့​​ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ပြည်သူလူထုအပေါ် ခေတ်အဆက်ဆက် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ပြီး နိုင်ငံတကာရဲ့ တရားဝင်မှုကို ရရှိရေးအတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးပမ်းမှုဟာ နိုင်ငံရေးထောင်ချောက်သာ ဖြစ်ကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သတ်မှတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ပြည်သူလူထုအားအတင်းအဓ္ဓဖိအား​ပေး​နေပြီး ပြည်သူ​တွေဟာအ​ကြောက်တရား​အောက်မှာ မိမိတို့သ​ဘောဆန္ဒမပါပဲ ပါဝင်​ပေးရမယ့်အ​ခြေအ​နေလို့​​ဖော်ပြထားပါတယ်။

ဒါ့အပြင် တရားမျှတမှု၊ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု လုံးဝကင်းမဲ့တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးနဲ့အတူ အကြွင်းမဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ် ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုတွေ၊ လူသားချင်းစာနာထောက်ထားမှုကူညီရေးအဖွဲ့အစည်းတွေ၊ စေတနာရှင်၊ ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ကာ လက်တွေ့ကျကျ ပူး​​ပေါင်းနိုင်ရေး ကြိုးပမ်းပြီး ညီနောင်အဖြစ် လက်တွဲလျက်ဆက်လက်ချီတက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ