နိုဝင်ဘာ-၁၁၊၂၀၂၅။ဇော်ဝင်း/People’s Spring
ပဲခူးတိုင်း၊ ဝေါနဲ့ ကြိုးပင်ကောက်မြို့နယ်မှာပြည်သူတွေကို ဖမ်းဆီးငွေညစ်တဲ့ စစ်ကောင်စီရဲ့ နယ်ထိန်းရဲနဲ့ ပြည်သူ့စစ်ခေါင်းဆောင် တို့ကိုပစ်ခတ်ခဲ့တယ်လို့ သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၁ရက်မနက် ၇နာရီခန့်က မြစ်ကျိုးရွာစျေးမှာ ဝေါမြို့နယ်၊မြစ်ကျိုးနယ်ထိန်းအင်ချပ်ရဲဇင်မင်းသူ(ခ)ကြက်ကုလား ကို ရှင်းလင်းခဲ့တာလို့ ဝေါ ပကဖက အသိပေးပါတယ်။
အဲဒီ နယ်ထိန်းရဲဟာ မြစ်ကျိုးတိုက်နယ်တဝိုက်မှာ ပြည်သူတွေကို မထင်ရင်မထင်သလိုရိုက်နှက် စစ်ဆေး၊ဒုက္ခပေးငွေညှစ်ပြီး ကျေးရွာမှာလောင်းကစားဖွင့်ပြီးရွာသားတွေ အကျင့်စာရိတ္တပျက်အောင်လုပ်ဆောင်နေတာလို့ ဝေါပကဖ ကထုတ်ပြန်ပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်တပ်နဲ့ပူးပေါင်းကာ တက်ကြွလှုပ် ရှားသူတွေနဲ့PDF တွေကို လိုက်လံစုံစမ်းနေတာကြောင့် ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
“ အဓိကတော့ပြည်သူကို ဒုက္ခပေးနေလို့ပါ။သူ့ကြောင့်ဒုက္ခရောက်တဲ့သူများတယ်။သူကမြစ်ကျိုးမှာ နယ်ထိန်းအနေနဲ့ ကြာပြီ ပိုက်ဆံပေးနိုင်တော့ဘယ်မှမပြောင်းရဘူး” လို့ ဝေါ ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင် ကြို့ပင်ကောက်မြို့နယ်မှာလည်း ဂွေးဂေါင်းပင်တောရရွာ ပြည်သူ့စစ်ခေါင်းဆောင် ခေါင်းဆောင် ဝင်းအောင်ဆိုသူလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၀ ရက်မနက် ၆နာရီဝန်းကျင် မှာ ပြည်သူ့စစ်ခေါင်းဆောင်ဝင်းအောင် ပတ်ကင်းလှည့်နေချိန် တော်လှန်ရေးရဲဘော်တွေ ပစ်ခတ် တိုက် ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ဟာ စစ်သင်တန်းတက်ရောက်ထားသူဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းအချက် အလက်တွေ စုံစမ်းထောက်လှမ်းတာ ပြည်သူတွေ ထံက စစ်မှုထမ်းကြေးအဖြစ် ငွေခြိမ်းခြောက် ကောက်ခံတာနဲ့ လူငယ်တွေပေါ်တာဆွဲ ဖမ်းဆီးတာအပြင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရာမှာ စစ်တပ်ကို လမ်းပြနေတဲ့သူလို့ အသိပေးပါတယ်။
ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ဆက်စပ်တဲ့နေရာတွေ အနီးမှာသွားလာမလုပ်ဖို့ နဲ့ ဒုက္ခပေးတဲ့သူတွေကို တိုင်ကြားဖို့ ဝေါပကဖနဲ့ ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုက တိုက်တွန်းထားပါတယ်။



















































