Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်မှာ စစ်တပ်မိုင်းဆွဲခံရ၊ ထိခိုက်မှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ကချပ်ကြီးရွာနဲ့ချပ်သင်းကျေးရွာကြားမှာ စစ်ကောင်စီတပ်ကားမိုင်းဆွဲခံရပြီး ၂ဦး သေဆုံးကာ ၇ဦးထိခိုက် ဒဏ်ရာရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

နိုဝင်ဘာ-၁၁၊၂၀၂၅၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ကချပ်ကြီးရွာနဲ့ချပ်သင်းကျေးရွာကြားမှာ စစ်ကောင်စီတပ်ကားမိုင်းဆွဲခံရပြီး ၂ဦး သေဆုံးကာ ၇ဦးထိခိုက် ဒဏ်ရာရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်မနက်၈နာရီလောက်မှာချပ်ကြီးရွာကနေ ချပ်သင်းကျေးရွာကို ထွက်လာတဲ့ စစ်ကား ၂စီးနဲ့ ‌‌‌ ခြေလျင်အင်အား၄၀ကျော်ထွက်လာစဉ် မိုင်းဆွဲခဲ့တာလို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“အဲဒီကားထဲမှာ အကောင်ကြီးကြီးပါတယ်လို့ တော့ကြားတယ်။အဲဒီအကောင်ကြီးကြီး ထိမထိ တော့ မသိပါဘူး”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ကန့်ဘလူမြို့နယ်မှာ စစ်တပ်က ပျူ‌‌စောထီးအင်အားအများအပြားသုံးကာ စစ်ကြောင်းထိုးနေပြီး ဒီမနက်မှာလည်း ကန့်ဘလူမြို့နယ် ‌‌၊တောင်ဘက်ခြမ်းက ယင်းတိုက်ကျေးရွာကို အင်အား ၁၀၀ခန့်နဲ့ ဝင်ရောက်စီးနင်းကာ ပြည်သူ တွေကို ဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင်ကန့်ဘလူမြို့က (၆၀၀၆)တပ်ရင်းကနေ လည်း စစ်ကူကား၃စီး ကာဘိုးနယ်ဘက်ကို ထွက်လာပြီး ခင်ဦးနဲ့ ရေဦးမြို့နယ်အစပ်တွေကို စစ်ကြောင်းထိုးဖို့ ပြင်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ