Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နိုဝင် ဘာ၁၀ရက် မနက်ပိုင်းက ပြန်လည်ဆုတ်ခွာသွားကြောင်း သတင်းရရှိပါတယ်။

ဘုတင်နယ်အတွင်းထိုးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းမှ ကျန်ရစ်ခဲ့သော စစ်အသုံးအဆောင် ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာခရိုင်ပကဖ

နိုဝင်ဘာ-၁၁၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နိုဝင် ဘာ၁၀ရက် မနက်ပိုင်းက ပြန်လည်ဆုတ်ခွာသွားကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ၁ရက်ကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ထွက်လာပြီးဘုတလင်မြို့နယ်၊ဇီးတောကျေးရွာမှာတပ်စွဲစစ်ကြောင်းထိုးခဲ့တဲ့စစ်တပ်ဟာမနေ့ကနိုဝင်ဘာ ၁၀ရက် မနက် ၂ နာရီ​လောက်မှာ ပြန်လည်ဆုတ်ခွာသွားကြောင်းမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေနယ်မြေရှင်းလင်းခဲ့ရာမှာကျန်ခဲ့တဲ့စစ်အသုံး အဆောင် ပစ္စည်းတွေကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“နမခထဲပြန်ဝင်သွားတာမဟုတ်လောက်ဘူး။မနေ့က ပါရာမိုတာ (၂)စီးနဲ့ လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ်နဲ့ လေကြောင်းစစ်ကူပေးခဲ့တဲ့ ထိတွေ့တိုက်ပွဲဆီကို ပူးပေါင်းသွားနိုင်ပါတယ်။ပူးပေါင်းသွားခဲ့မယ်ဆိုရင်တော့ အဲ့ဒီစစ်ကြောင်းဟာ အင်အား ၂၀၀ ကျော်သွားလိမ့်မယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ပွဲကတော့ မုံရွာမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်ရဲ့ ပါရာမိုတာနဲ့ ဗုံးသီးချတိုက်ခိုက်မှုတွေကြောင့် ပြည်သူထိခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီကနေ့( နိုဝင်ဘာ၁၁ရက်)မှာလည်း မုံရွာမြို့နယ်၊ တဲကြီးကုန်းရွာကိုမီးရှို့ဖျက်ဆီးနေကြောင်းမုံရွာမြို့နယ်သတင်းမှန်ပြန်ကြား ရေးက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်းအဲဒီစစ်ကြောင်းရှိစဥ်မုံရွာခရိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ)ရဲ့စီမံခန့်ခွဲမှုနဲ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers)ဦးဆောင်ပြီး မုံရွာခရိုင် အမှတ် (၁၄) တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army ၊ ဗိုလ်လက်ကောက် အဖွဲ့၊ SRF LPDF၊ ဒေါင်းပျောက်ကြားအဖွဲ့ ၊အုပ်ကြီးနှင့်အဖွဲ့ ၊ နင်ဂျာအဖွဲ့စတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲ ၂ ​ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဝင် ၆ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ