Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျလို့ ကလေး အပါအဝင် သုံးဦးသေဆုံး

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်ထဲက နနွင်းတော်ဘိုး ကျေးရွာ မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီး နိုဝင်ဘာလ ၉ ရက် ညနေ ၅ နာရီ ခန့်က ကျရောက် တာကြောင့် ရှစ်နှစ်အရွယ် ကလေး ငယ်အပါအဝင် မိသားစု သုံးဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ ဆီက သိရပါတယ်။

နိုဝင်ဘာ – ၁၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်ထဲက နနွင်းတော်ဘိုး ကျေးရွာ မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီး နိုဝင်ဘာလ ၉ ရက် ညနေ ၅ နာရီ ခန့်က ကျရောက် တာကြောင့် ရှစ်နှစ်အရွယ် ကလေး ငယ်အပါအဝင် မိသားစု သုံးဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ ဆီက သိရပါတယ်။

မြင်းခြံမြို့နယ် နဲ့ နွားထိုးကြီးမြို့နယ် ကြားမှာ တည်ရှိတဲ့ နနွင်းတော်ဘိုး ရွာလက်နက်ကြီးကျတဲ့ဖြစ်စဉ်မှာ ရှစ်နှစ်အရွယ် ယောင်္ကျား လေးတစ်ဦး ၊ အသက် ၆၀ ကျော်အရွယ်အမျိုးသားကြီးနဲ့ အမျိုးသမီးကြီးတို့သေဆုံးခဲ့ရတာပါ။

နေအိမ်ပေါ် လက်နက်ကြီးကျတာဖြစ်ပြီး လေးဦး ထိမှန်ကာ သုံးဦးနေရာမှာတင် သေဆုံးခဲ့ရတာလို့ဒေသခံက ပြောပါတယ်။ ကျန်တဲ့ ဒဏ်ရာရအမျိုးသမီးကတော့ ဆေးကုသမှု ခံယူနေရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

နနွင်းတော်ဘိုးရွာမှာ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာလို့လည်း ဒေသခံက အသိပေးပါတယ်။

မြင်းခြံနယ်နဲ့ နွားထိုးကြီးနယ်က ကျေးရွာတွေဘက်ဆီ လက်နက်ကြီးနဲ့ပစ်ခတ်တာကိုတော့ မြင်းခြံမြို့ပေါ် က အမှတ် ( ၁၅) ခြေလျင်တပ်ရင်းနဲ့ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ မြင်းခြံမြို့နယ် ၊ လယ်သစ်ကျေးရွာ ဘက်က လုပ်ဆောင်လေ့ရှိတာလို့ သိရပါတယ်။

အခုလက်နက်ကြီးကျတဲ့ နနွင်းတော်ဘိုးကျေးရွာကတော့ နွားထိုးကြီးမြို့ ရဲ့ အနောက်မြောက်ဘက် ၊ မြင်းခြံမြို့ ရဲ့ အရှေ့ဘက်ခြမ်းမှာတည်ရှိပါတယ်။

ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိတဲ့မြင်းခြံ ၊ တောင်သာ ၊ နွားထိုးကြီး သုံးမြို့ဟာ ဖိုခနောင့်ဆိုင် တည်ရှိပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်တော်လှန်မှု အားကောင်းရာ ဒေသဖြစ်ပါတယ်။

ဒါကြောင့်စစ်ကောင်စီတပ်က နယ်မြေစိုးမိုးနိုင်ဖို့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း လက်ဝေခံ ပျုစောထီးတွေနဲ့ ပေါင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အာဏာမသိမ်းခင် နှစ်ပိုင်းအလိုက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှု ၊ နနွင်းတော်ဘိုးရွာ တည်နေရာ

ဓာတ်ပုံ – စစ်ကောင်စီ ၊ Google Earth

ဆက်စပ်သတင်းများ