Connect with us

Hi, what are you looking for?

သတင်း

သောင်ရင်းမြစ်ဘေးရှိ ကရင့်လက်နက်ကိုင်သုံးဖွဲ့ ရဲ့ ဂိတ်အချို့ ကို စစ်ကောင်စီတပ် ရှင်းလင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းဘေးတလျှောက်ရှိ ကရင့်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ ရဲ့ ဂိတ်တွေ နဲ့ စခန်းတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးပြီး ရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီ ပြန်ကြားရေး

နိုဝင်ဘာ -၁၁ ၊၂၀၂၅ ၊ နိုင်ပကောင်း /People’s Spring

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းဘေးတလျှောက်ရှိ ကရင့်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ ရဲ့ ဂိတ်တွေ နဲ့ စခန်းတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးပြီး ရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်း – မြန်မာ နယ်ခြား သောင်ရင်းမြစ်ကမ်းဘေးမှာ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)အဖွဲ့ သုံး ဖွဲ့ရဲ့ ဂိတ်တွေနဲ့ စခန်းတွေကို ရှင်းလင်းတာလို့သိရပါတယ်။

ဂိတ် နဲ့ စခန်း တွေမှာရှိတဲ့ ထိုင်းကုန်စည်တွေကိုလည်းသိမ်းဆည်းတာတွေ စစ်ကောင်စီတပ် က လုပ်ဆောင်တယ်လို့ ကရင်သတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ တောက်လျှောက်ဖြိုချတယ်အကုန်လုံး ၊ သူတို့(စစ်တပ်)နဲ့အဆင်မပြေဘူး ဘာဘူးညာဘူး၊ သူတို့ဖွင့်ခိုင်းလို့ အဲ့ဒီမှာကြည့်လို့ ဘာမှမရှိဘူးပြေလည်တယ်ဆိုရင်တော့ မဖြိုခိုင်းဘူး ” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

တချို့နေရာတွေကိုတော့ စစ်ကောင်စီတပ်က ဟန်ပြလောက်ပဲ ရှင်းလင်းသွားတာတွေ့ရတယ်လို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

သောင်ရင်းမြစ်ကမ်းတလျှောက်မှာကရင်လက်နက်ကိုင်အဖွဲ့ သုံး ဖွဲ့ BGF ၊DKBA ၊ KNU/KNLA PC တို့ရဲ့ နယ်စပ်ဂိတ် စုစုပေါင်း ၄၀ ကျော်ရှိနေတယ်လို့သိရပါတယ်။၊

အဲဒီထဲက ၂၀ နီးပါးကို စစ်ကောင်စီတပ်က ဖယ်ရှားတာ ၊ ဖျက်ဆီးတာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၁၉ ဂိတ်၊ ကျောက်ဖျာဂိတ်၊ ကပေါ်ထူးဂိတ်၊ ၈ ဂိတ်၊ ၉ ဂိတ်၊ ၁၈ ဂိတ်၊ ၁၃ ဂိတ်၊ သုညဂိတ်၊ ၉၉၉ ဂိတ်၊ ၁၂ ဂိတ် စတဲ့ နယ်စပ်ဂိတ်နဲ့ ကင်းစခန်းတွေပါဝင်ပါတယ်။

စစ်ကောင်စီကလည်း သောင်ရင်းမြစ်ကမ်းဘေးက လက်နက်ကိုင်အဖွဲ့တွေရဲ့ ကုန်လှောင် ဂိုဒေါင်တွေ၊ လှေဆိပ်ကင်းတဲတွေ နဲ့ လှေဆိပ်အစောင့်တဲတွေ၊ လှေဆိပ်အဆင်း အုတ်လှေကားတွေ၊ ကုန်တင်ကုန်ချလျှောလမ်းတွေကို အောက်တိုဘာ ၃၁ ရက်နေ့ကစပြီး စစ်ဆေးရှင်းလင်းနေတယ်လို့ ထုတ်ပြန်ပါတယ်။

BGF ၊DKBA ၊ KNU/KNLA PC တို့ဟာ နေပြည်တော်မှာ စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးမှုရှိတဲ့အဖွဲ့တွေဖြစ်သလို စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံ ကူညီမယ်လို့ ကြေညာထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ