Connect with us

Hi, what are you looking for?

သတင်း

မြို့သာမှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ငါးဇွန်မြို့နယ်၊မြို့သာအ ရှေ့ရွာကနေ စက်မှုဇုန်ဘက်ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား၄ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ Special Task Force Ngazu မှတာဝန်ရှိသူက​ပြောပါတယ်။

Special Task Force Ngazu မှတပ်ဖွဲ့ဝင်အချို့ကို တိုက်ပွဲ တခုမှာ​တွေ့ရစဥ်။ဓါတ်ပုံ-STFN

နိုဝင်ဘာ၁၁၊၂၀၂၅။မေ/People’s Spring

မန္တလေးတိုင်း၊ငါးဇွန်မြို့နယ်၊မြို့သာအ ရှေ့ရွာကနေ စက်မှုဇုန်ဘက်ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား၄ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ Special Task Force Ngazu မှတာဝန်ရှိသူက​ပြောပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့၊မနက်၅နာရီ၂၀ မိနစ်မှာမြို့သာအ ရှေ့ရွာစခန်းကနေ စက်မှုဇုန်ဘက်ကို ကားနှစ်စီ ၊ခြေလျင်တပ်တွေ ပါထွက်လာတာလို့ သိရပါတယ်။စစ် ကြောင်းကိုအသင့်စောင့် ပြီး ပွိုင့်မိုင်းနှစ်ကြိမ်ဆွဲခဲ့တယ်လို့တာဝန်ရှိသူက ပြောပါတယ်။

“ ပဒေသာမိုင်း၆လုံးဆွဲလိုက်တယ်။အဲတာပြီးတော့ မြို့သာနဲ့ စက်မှုဇုန်ကြားထဲမှာရှိတဲ့ ကျွဲဇိမ်ရွာကို စစ်အုပ်စုကဝင်ပြီး ဒေသခံ တွေကိုဖမ်းတယ်။အကုန်လုံးကို ကွင်းပြင်မှာစုပြီး ရွှေတွေယူတယ်။အဲဒီလူတွေကို ဓားစာခံဖမ်းပြီးမြို့သာဘက်ကိုတပ်ပြန် ခေါက်သွားတယ်” လို့ ၎င်းကဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျွဲဇိမ်ရွာထဲကိုဝင်စဉ် စစ်သားအလောင်းတွေနဲ့ ဒဏ်ရာရစစ်သားတွေကို ဒေသခံ တွေ တွေ့ခဲ့တာဖြစ်ပြီး ကျွဲဇိမ်ရွာနဲ့ မြို့သာကြားက တိုက်တခုမှာ စစ်ကြောင်းခဏ နားကာ ဒေသခံ တွေကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သူက​ပြောတယ်။

အဲဒီစစ်ကြောင်းမြို့သာဘက်ကိုပြန်ထွက်ချိန်မှာ လည်း ​တော်လှန်​ရေးအဖွဲ့​တွေက ၄၀ မမ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
စစ်တပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။

စစ်တပ်က ငါးဇွန်၊တောင်သာ၊မြင်းခြံ၊နွားထိုးကြီး မြို့နယ်တို့ကို ဆက်တိုက်စစ်ကြောင်းထိုး​နေသလို လေကြောင်းတိုက်ခိုက်မှု လည်းလုပ်နေပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ကလည်း မြင်းခြံ- ပုဂံလမ်း ပေါ်က စစ်တပ်အထိုင်စခန်းတခုကို ​တော်လှန်​​ရေးတပ်​တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ