Connect with us

Hi, what are you looking for?

သတင်း

ဗန်း​​မော်တိုက်ပွဲမှာ ​​ပိုစ်တင်​အောင်ပွဲခံတဲ့ ကြံ့ဖွံ့အမာခံရဲ့သား ပိုစ်တင်ပြီးနာရီပိုင်းအတွင်း တိုက်ပွဲမှာ​သေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲ တ​နေရာမှာအောင်ပွဲခံနေတဲ့ သားဖြစ်သူရဲ့ဓာတ်ပုံကို လူမှုကွန်ရက်မှာ ဝံ့ကြွားဖော်ပြတဲ့ ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ အမာခံတဦးဖြစ်တဲ့ Lion Man ဆိုသူရဲ့သား စစ်သားဟာ ပိုစ်တင်ပြီး နာရီပိုင်းအကြာမှာ ဗန်း​မော်တိုက်ပွဲမှာပဲ ​သေဆုံးခဲ့ပါတယ်။

တိုက်ပွဲမှာ​သေဆုံးခဲ့တဲ့ စစ်သား နဲ့သူအ​ဖေတင်ခဲ့တဲ့ပိုစ်

နိုဝင်ဘာ-၁၁၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲ တ​နေရာမှာအောင်ပွဲခံနေတဲ့ သားဖြစ်သူရဲ့ဓာတ်ပုံကို လူမှုကွန်ရက်မှာ ဝံ့ကြွားဖော်ပြတဲ့ ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ အမာခံတဦးဖြစ်တဲ့ Lion Man ဆိုသူရဲ့သား စစ်သားဟာ ပိုစ်တင်ပြီး နာရီပိုင်းအကြာမှာ ဗန်း​မော်တိုက်ပွဲမှာပဲ ​သေဆုံးခဲ့ပါတယ်။

၂၄နာရီ မပြည့်မီမှာပဲ တိုက်ပွဲမှာ သားသေဆုံးကြောင်းသတင်းကို ပြန်လည်ရေးသားဖော်ပြခဲ့ရပါတယ်။

ကြံ့ဖွံ့ပါတီအမာခံတဦးဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံထားသလို ပါတီမှာ အောက်ခြေဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုကြောင်း အသိပေးထားတဲ့ Lion Man အမည်နဲ့ လူမှုကွန်ရက်အသုံးပြုသူဟာ နိုဝင်ဘာ ၉ရက်မှာ ဗန်းမော်တိုက်ပွဲရောက် သူ့သားဖြစ်သူရဲ့ ဓာတ်ပုံတွေ ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ အဲဒါ ငါ့သားကွ။ ငါ့သားဖိနပ်အောက်က KIA အရာရှိ DB” လို့ရေးသားပြီး သားဖြစ်သူပြောဆိုတဲ့ စကားဖြစ်တဲ့ “ဗန်းမော်မှာ သားတို့တပ်မတော်(စစ်ကောင်စီတပ်)ရှိနေသမျှ KIAအရုပ်ရေးယူရမယ်တဲ့” ဆိုတာကိုလည်း Lion Manက ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီလိုရေးသားချက်မှာ စစ်တပ်​ထောက်ခံသူ​တွေက “ ဘေးမထိ ရန်မခဘဲ အမိမြေကို ကာကွယ်နိုင်ပါစေ တူတော်ရေ” ၊”အကိုရေ ကလေးမျက်နှာကို စတေကာလေးအုပ်တင်ပါလာ သူ့လုံခြုံရေးအတွက်” ၊“အကိုကြီး ကလေးပုံ မတင်နဲ့” “ဂိပြီးသားလည်း တဘောက်လုံးကုန်အောင်ဆွဲပစ်စမ်းညီတော်မောင်ရေ”လို့ ဝင်ရောက်မှတ်ချက်ရေးသူတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပိုစ်တင်ပြီး နာရီပိုင်းအကြာနိုဝင်ဘာ ၁၀ရက်မှာတော့ သူ့သား တိုက်ပွဲမှာသေဆုံးသွားကြောင်း သတင်းကို ပြန်လည်ရေးသား အသိပေးထားပါတယ်။

“ဘယ်သူမှ ထပ်ပြီး သတင်းမမေးကြပါနဲ့။ ကျနော်မခံစားနိုင်လို့ ထပ်မပြောချင်ဘူးဗျာ”လို့ Lion Man က ရေးသားခဲ့တာပါ။

နာရေးသတင်းအောက်မှာလည်း စစ်တက်​ထောက်ခံသူ​တွေက “ ဟာ မနေ့ကမှ ပုံလေးကြည့်ရင်း ပီတိဖြစ်နေတာ”၊ “မနေ့ကတောင် ပြောလို့ မဆုံးသေးဘူး” “ ဟာ မနေ့ကကို မြင်နေသေးတာ” “ ဟာမနေ့ကမှ ရန်သူ့အလောင်းဘေးမှာ ပုံတင်ခဲ့သေးတာလေ ဘယ်လိုဖြစ်ရတာတုန်းဗျာ”စတဲ့ မှတ်ချက်ရေးသားမှုတွေလည်း တွေ့ရပါတယ်။

ဒါအပြင် “၂၄နာရီ မကျော်စေရဘူး ပြည်သူ့မေတ္တာစူးစေရမယ်” ၊ “ သေပြီလေ မအလရေ”၊ “ဆုတောင်းပြည့်ချက် ဂိန်သွားပြီ” ၊“အခုတော့ သေသွားပြီ”၊ “ဆုတောင်းပြည့်တယ်နော နေ့မကူးဘူး” စတဲ့ မှတ်ချက်ရေးသားမှုတွေကိုလည်း တွေ့ရပါတယ်။ ၎င်းအ​ကောင့်က သားဖြစ်သူစစ်သားရဲ့ဗန်း​မော်မြို့အတွင်း ဓါတ်ပုံအချို့နဲ့​ ​ဖော်ပြထားတာဖြစ်ပါတယ် ​။

နိုဝင်ဘာ ၁၀ရက်မနက် ၈နာရီမှာ သားဖြစ်သူ သေဆုံးကြောင်း Lion Manက ရေးသားဖော်ပြခဲ့ပေမယ့် ရန်သူ့စခန်းတက်သိမ်းရင်း သေဆုံးတာလို့ လိမ်ညာရေးသား ဖော်ပြထားပါသေးတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက ဒီရက်ပိုင်း ဗန်းမော်တိုက်ပွဲမှာ KIA တပ်စခန်း အသိမ်းခံရတာမရှိဘဲ ခလရ( ၄၇)တပ်ရင်းဘက်မှာ တိုက်ပွဲတွေရှိနေကြောင်း အသိပေးပါတယ်။

အခုဖြစ်စဉ်မှာ သေဆုံးတဲ့ သူဟာ နိုဝင်ဘာ ၉ရက် ခလရ(၄၇)တပ်ရင်းအနီး တိုက်ပွဲမှာ သေဆုံးတဲ့ အရာရှိ ဖြစ်နိုင်တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

“၉ရက်နေ့က ဗန်းမော်မှာ ဒုရင်းမှူးတယောက်ပြင်းထန်ဒဏ်ရာရသွားတယ်လို့ပြောတယ်။အဲဒီကောင်(သေသွားတဲ့ကြံ့ဖွံ့ပါတီအမာခံရဲ့သား)ဖြစ်မယ်။ ၄၇တပ်ရင်းဘက်မှာ။ ငါတို့ရဲ့ ဒရုန်းဗုံး မိသွားတာပါ။ သေပြီထင်တာပဲ”လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၂၀၂၄ ဒီဇင်ဘာလဆန်းကစတင်ပြီး ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။တိုက်ပွဲ ၁၁လကြာမြင့်ပြီဖြစ်ပြီး လက်ရှိမှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေကြောင်း၊ အပြန်အလှန် စစ်ဆင်ရေးလုပ်ဆောင်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

Facebook