Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲ စစ်သားဆယ်ဦးကျော်သေ၊ ၂၀ ​ကျော်ဒဏ်ရာရ၊ ပွိုင့်ဖိုက်အပါအဝင်လက်နက်ခဲယမ်းတွေကို KIA ၊KPDFသိမ်းယူ

ဖားကန့်မှာ စစ်တပ်စစ်ကြောင်းကို နိုဝင်ဘာ ၁၀ ရက်​နေ့ က KIA နဲ့ KPDF ကမိုင်းခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးကျော်သေဆုံးသလို ပွိုင့်ဖိုက်အပါအဝင် လက်နက်ခဲယမ်းတွေကိုပါ တော်လှန်​ရေးတပ်​တွေကသိမ်းယူနိုင်ခဲ့ပါတယ်။

KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-The New youk Times

နိုဝင်ဘာ-၁၁၊၂၀၂၅။အိမ်သွင်/People’s Spring

ဖားကန့်မှာ စစ်တပ်စစ်ကြောင်းကို နိုဝင်ဘာ ၁၀ ရက်​နေ့ က KIA နဲ့ KPDF ကမိုင်းခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးကျော်သေဆုံးသလို ပွိုင့်ဖိုက်အပါအဝင် လက်နက်ခဲယမ်းတွေကိုပါ တော်လှန်​ရေးတပ်​တွေကသိမ်းယူနိုင်ခဲ့ပါတယ်။

ဖားကန့်၊ မှော်စီစာလမ်းဆုံမှာနိုဝင်ဘာလ၁၀ရက်မနက်ပိုင်းမှာစစ်တပ်ယာဉ်တန်းကို KIA ၊KPDFက ပြင်းအားမြင့်တဲ့မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုသတင်းတွေကို မနေ့ကအထိမရခဲ့ပေမယ့် ဒီနေ့မနက်၁၀နာရီအထိရရှိထားတဲ့သတင်းအရတော့ ဆယ်ဦးကျော်သေဆုံးပြီး ပွိုင့်ဖိုက်တစ်လက်၊လက်နက်ငယ်တချို့နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ အလောင်းတွေအကုန် ဗျူဟာထဲ ဆွဲတင်သွားတယ်။တော်တော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာ။ဖားကန့်ကို ပိုမဲနိုင်တယ်။ဒါကြောင့်လေကြောင်းအန္တရာယ်သတိပေးထားတယ်” လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

မိုင်ဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် ဒေသခံတွေရဲ့ကားတွေကိုစစ်တပ်က ချောဆွဲပြီးသေဆုံးရုပ်အလောင်းနဲ့ဒဏ်ရာရသူတွေကိုတပ်စွဲထားတဲ့နေရာမှာတွေဆီ လိုက်ပို့ခိုင်းခဲ့တယ်လို့ ဒေသခံ
အချို့ကပြောပါတယ်။

စစ်တပ်စစ်ကြောင်းမှာသေဆုံးသူ ၁၂ဦးနဲ့ ဒဏ်ရာရသူ ၂၀ ​ကျော်ရှိတယ်လို့ ​စစ်​ရေးသတင်းရင်းမြစ်ကပြောပါတယ်။အသေးစိတ်အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

စစ်တပ်စစ်ကြောင်းမှာအင်အားသုံးရာခန့်အထိပါဝင်ပြီးဖားကန့်‌၊ဝေခါမှော်အထိ ဆက်သွားမယ်လို့သတင်းရထားကြောင်း ဒေသခံတွေကပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ နိုဝင်ဘာ ၁၀ ရက်မနက်ပိုင်းကတော့ စစ်တပ်က လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့အရေအတွက်ကိုမသိရသေးပေမယ့်နိုဝင်ဘာလ
၁၁ ရက်နေ့အထိပြန်လွတ်မလာသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာပတ်ဝန်းကျင်ကို စစ်တပ်က တပ်စွဲပြီး ဒေသခံတွေရဲ့အိမ်တွေကို ဝင်စစ်သလို အဲ့ဒီနားက SKY Hotel ကိုလည်း ညသန်းကောင်အထိ တပ်စွဲခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ စစ်တပ်စစ်ကြောင်းတွေပြန်ထွက်သွားပြီး ဝေါခါမှော်ဘက်ကို ဦးတည်ပြီးသွားနေတယ်လို့သိရပါတယ်။

အောက်တိုဘာလလယ်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး ငြိမ်သက်နေတဲ့ ဖားကန့်မှာ နိုဝင်ဘာလ၆ရက်နေ့ကစပြီး မြေပြင်တိုက်ပွဲတွေပြင်းထန်လာတာပါ။

ဖားကန့်နဲ့ ကာမိုင်းကြားက နမ့်ယားရွာ၊ လုံးခင်းကျေးရွာအုပ်စုပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေဖြစ်ပြီး တစ်ရက်ချင်းအလိုက် ပိုပြီးပြင်းထန်လာတယ်လို့ သတင်းရရှိပါတယ်။ ဒေသတွင်းက လက်ရှိစစ်ရေးအခြေအနေအရ လေကြောင်းအန္တရာယ်၊လက်နက်ကြီးအန္တရာယ်နဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ KIA ၊KPDFက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ