Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားတစ်ဦး ဒရုန်းပစ်လက်နက်နဲ့ ခဲယမ်းတွေယူလာပြီး အလင်းဝင်လာ

စစ်မှုထမ်းတပ်သားတစ်ဦး ဒရုန်းပစ်လက်နက်နဲ့ ခဲယမ်းတွေယူလာပြီး အလင်းဝင်ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော် တိုင်းတာဝန်ခံကိုနောင်ချိုက လူထုနွေဦးကို ပြောပါတယ်။

(အလင်းဝင်လာတဲ့ တပ်သားစိုးထက်ကျော်အား တွေ့ရစဉ်။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်

နိုဝင်ဘာ ၁၃၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်မှုထမ်းတပ်သားတစ်ဦး ဒရုန်းပစ်လက်နက်နဲ့ ခဲယမ်းတွေယူလာပြီး အလင်းဝင်ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော် တိုင်းတာဝန်ခံကိုနောင်ချိုက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့အဓမ္မစစ်သားစုဆောင်းခံခဲ့ရတဲ့ တပ်သားစိုးထက်ကျော်ကို ကရင်နီပြည်နယ်က​နေ နေပြည်တော်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့က သွားရောက်ခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“ လွိုင်ကော်(၄၂၇)တပ်ရင်းက ဖြစ်ပါတယ်။ပင်လောင်းမြို့နယ်ရှေ့တန်းစခန်းတစ်နေရာကို ပို့ဆောင်ခံရတဲ့အချိန်မှာ သွားရောက်ခေါ်ထုတ်ခဲ့တာ ဖြစ်ပါတယ်” လို့ ကိုနောင်ချိုက အလင်းဝင်လာတဲ့ တပ်သားအကြောင်းရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

မကွေးမြို့ပေါ်ကို ဖုန်းသွားဝယ်ရင်းအပြန်မှာ အဓမ္မစစ်မှုထမ်းဖို့ စုဆောင်ခံခဲ့ရတာလို့ အလင်းဝင်တပ်သားက ပြောပါတယ်။

ဒရုန်းပစ်လက်နက် တစ်လက်၊ ၆၀မမ ဗုံးသီးနှစ်လုံး၊ MA-11 ကျည်ဘောက်နှစ်ခု ၊ ၅.၅၆ကျည် (၅၀)တောင့်နဲ့ ဆက်သွယ်ရေးစကားပြောစက်နှစ်လုံး ယူဆောင်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် အလင်းဝင်လာတဲ့ တပ်သားက နေပြည်တော် ပကဖနဲ့အတူရပ်တည်ပြီး ပေးအပ်တဲ့တာဝန်တိုင်းကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

“ ဒရုန်းဂန်းနဲ့ တပ်သားတစ်ဦး ဘက်ပြောင်းလာတာ ဒါပထမဆုံးပဲ” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော် တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီတပ်သားကို တိုင်းဦးဆောင်အဖွဲ့က လွှဲပြောင်းလက်ခံခဲ့ပြီး တပ်သားရဲ့ အချက်အလက်တွေကို စစ်ဆေးမေးမြန်းပြီး မှတ်တမ်းတင်တဲ့ လုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်ခဲ့တယ်လို့ အသိပေးပါတယ်။

နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခိုလှုံတပ်သားကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး စစ်ကောင်စီလက်အောက်က တပ်သားတွေအနေနဲ့ ပြည်သူနဲ့ ပူးပေါင်းကြဖို့ နေပြည်တော် ပကဖ က တိုက်တွန်းပါတယ်။

အခု စစ်မှုထမ်းတပ်သားအပါအဝင် နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားစုစုပေါင်းကိုးဦး ရှိပြီလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook